လူရည်ချွန် ကျောင်းသား ကျောင်းသူများ နေပြည်တော်ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက်


Ministry of Information/ Naypyitaw / May 04, 2026
image_latest


နေပြည်တော် ‌မေ ၃

ပြင်ဦးလွင်၊ အင်းလေး၊ နေပြည် တော်၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၆ ဦး၊ ဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၂ ဦး၊ ဧကာဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်း သူ ၁၃၃ ဦး၊ ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၉ ဦး၊ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်လူရည်ချွန်ကျောင်းသား‌ ကျောင်းသူ ၂၉၁ ဦး၊ စုစုပေါင်း လူရည်ချွန်ကျောင်းသား ကျောင်း သူ ၇၅၁ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၁၀၂ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများသို့ သွားရောက်လေ့လာကြပြီး လူရည်ချွန်ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။

ကြည့်ရှုလေ့လာ

ယင်းနောက် လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် သူရဲကောင်းစစ်သည် ဗိမာန်နှင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တို့သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

လေ့လာရေးခရီး သွားရောက်မည်

လူရည်ချွန် အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပြင်ဦးလွင်လူရည်ချွန်စခန်း၊ ဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူများသည် အင်းလေးလူရည်ချွန်စခန်း၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ငွေဆောင်လူရည်ချွန်စခန်း၊ ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် နေပြည်တော်လူရည်ချွန်စခန်း၊ ပထမနှစ်နှင့် ဒုတိယနှစ်လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ချောင်းသာလူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video