လေးမျက်နှာ မြို့နယ် တဲကုန်း ကျေးရွာ၌ လျှပ်စစ်မီးလင်းရေး ၄၀၀ ဗို့ ဓါတ်အားလိုင်း ၃၆၀၀ ပေ သွယ်တန်းခြင်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
လေးမျက်နှာ မြို့နယ် တဲကုန်း ကျေးရွာ၌ လျှပ်စစ်မီးလင်းရေး ၄၀၀ ဗို့ ဓါတ်အားလိုင်း ၃၆၀၀ ပေ သွယ်တန်းခြင်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / March 16, 2026
လေးမျက်နှာ မြို့နယ် တဲကုန်း ကျေးရွာ၌ လျှပ်စစ်မီးလင်းရေး ၄၀၀ ဗို့ ဓါတ်အားလိုင်း ၃၆၀၀ ပေ သွယ်တန်းခြင်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
လေးမျက်နှာ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဝါးရုံချောင်း ကျေးရွာအုပ်စု၊တဲကုန်း ကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ၄၀၀ ဗို့ ဓါတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မတ် လ ၁၅ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် ဟင်္သာတ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင် ၊ လေးမျက်နှာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦး နှင့် ခရိုင်၊ မြို့နယ် တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ တဲကုန်း ကျေးရွာ၌ လျှပ်စစ်မီးလင်းရေး ၄၀၀ ဗို့ ဓါတ်အားလိုင်း ၃၆၀၀ ပေ သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဟင်္သာတ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင် က ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တဲကုန်း ကျေးရွာ၌ လျှပ်စစ်မီးလင်းရေး ၄၀၀ ဗို့ ဓါတ်အားလိုင်း ၃၆၀၀ ပေ သွယ်တန်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ် ၂၄၁ ဒသမ ၇ သိန်း၊ စုစုပေါင်းငွေကျပ် ၃၉၁ ဒသမ ၇ သိန်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ဟင်္သာတ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင် ထံမှ သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
Announcement
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on March 16, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Ministry of Information / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း