လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်


Ministry of Information/ Naypyitaw / October 12, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများ နှင့် ရေဘေးသင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရေကြီးနစ်မြုပ်မှုများကြောင့် ဝန်ထမ်းမိသားစုများ ၏ နေအိမ်၊ အဆောက်အအုံများနှင့် အခြားပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သဖြင့် ဌာနအကြီးအမှူးများက ရေဘေးဒဏ် ခံစားခဲ့ရသည့် ဝန်ထမ်းများအား လိုအပ်သည့် ငွေကြေးထောက်ပံ့ပေးမှုများ၊ အဝတ် အထည်များ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သောက်ရေသန့်နှင့် စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်သည့်အပြင် ဝန်ကြီးဌာန အနေဖြင့်လည်း ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်း ဖြစ်ကြောင်း၊ သဘာဝဘေး၊ ရေဘေးဒဏ်ကြောင့် ရေကြီးနစ်မြုပ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ နေအိမ်အဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မတ်လ မတိုင်မီပြီးစီးအောင် စီမံဆောင်ရွက်လျက် ရှိကြောင်း ပြောကြားပြီး ရေဘေးသင့်ဝန်ထမ်း ၁၇၅ ဦးအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည့် ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေး တိုးတက် မြင့်မားစေရေး မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်း အသီးသီးတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသား များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။  

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

Travel Advisory (1/2025)

Ministry of Hotel & Tourism / Posted on May 12, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023