လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံပြည်သူများ ပုံမှန်အတိုင်း ပြန်လည်နေထိုင်သွားလာနိုင်ရေးအတွက် တပ်မတော်သားများနှင့် နိုင်ငံ့ဝန်ထမ်းများက လမ်းများနှင့် ဆေးရုံတို့အား ပြန်လည်ရှင်းလင်းတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်


Ministry of Information/ Naypyitaw / July 17, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၇

KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းအား တပ်မတော်စစ်ကြောင်းများက အသက်ကိုပဓာနမထားဘဲ ရဲရင့်စွန့်စားစွာတိုက်ပွဲဝင်ပြီး မြို့ရွာများ ပျက်စီးမှုအနည်းဆုံးဖြစ်အောင် အဆင့်ဆင့်ခြေကုတ်ယူ၍ ချေမှုန်းဆောင်ရွက်ခဲ့ရာ ၎င်းလမ်းကြောင်းအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ ပုံမှန်သွားလာနိုင်လျက်ရှိသည်။

အဆိုပါဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ရဲရင့်စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသည့် ဖယ်ခုံမြို့နယ်၊ ဖယ်ခုံ-မိုးဗြဲဒေသအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖယ်ခုံ-မိုးဗြဲဒေသအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတို့က အမှာစကားအသီးသီး ပြောကြားသည်။ ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကိစ္စများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူတစ်ဦးက ဖယ်ခုံမြို့နယ် ဒေသဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးက လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့်အရာရှိ၊ စစ်သည်များအား စားသောက်ဖွယ်ရာများနှင့် ပစ္စည်းများချီးမြှင့်ပေးအပ်သည်။ ယင်းနောက် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်က ဖယ်ခုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားစဉ် ဆေးရုံ၌ဘန်ကာများပြုလုပ်၍ ခံစစ်တံတိုင်းသဖွယ်ပြုလုပ်ခြင်းကြောင့် အပျက်အစီးများဖြစ်ပေါ်နေသည့် မိုးဗြဲပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးရုံဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော အရာရှိစစ်သည်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်သည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်၊ အားကစားကွင်း၌ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုကာ ဒေသခံပြည်သူများအား ချီးမြှင့်ငွေများပေးအပ်သည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လုမယ်တော်ဂူကျောင်းသို့သွားရောက်ကာ သင်းအုပ်ဆရာတော်နှင့် သွားရောက်တွေ့ဆုံပြီး ဆုတောင်းမေတ္တာပို့သကာ အလှူငွေများပေးအပ်လှူဒါန်းသည်။ ထို့နောက် ဖယ်ခုံမြို့ပေါ်ရှိ ကျောင်းတိုက်များမှ သံဃာတော်များအားလည်းကောင်း၊ နတ်တောကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖယ်ခုံ-ပင်လောင်း ကားလမ်းဝဲယာရှိ ခြုံနွယ်ပိတ်ပေါင်းများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။ ဆက်လက်၍ ပင်လောင်းမြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်ဆရာတော် ဦးမင်္ဂလနှင့် ပင်လောင်းမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များအား သွားရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေးကြေညာချက်

Ministry of Information / Posted on July 18, 2025

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေးကြေညာချက်

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၅/၂၀၂၅)

Union Civil Service Board / Posted on July 17, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၅/၂၀၂၅)

မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။

Ministry of Transport and Communications / Posted on July 17, 2025

မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023