လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ
လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ
Ministry of Information/ Naypyitaw / May 22, 2026
နေပြည်တော် မေ ၂၁
တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနာယက၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဗဟိုကော်မတီဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများမှအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနာယက က အဖွင့်အမှာစကားပြောကြားရာတွင် လာမည့် ဇွန် ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ဒုတိယပုံမှန်အစည်းအဝေး၊ တတိယပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်ရုံးက လွှတ်တော်ပြက္ခဒိန်လျာထားထုတ်ပြန်ထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကို ကြိုတင်သိရှိနိုင်အောင်ပေးပို့ထားရှိပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးကျင်းပနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထံ အစည်းအဝေးဖိတ်စာများ ပေးပို့ထားရှိပြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေ ၃၀ ရက်ထက်မစော၊ ၃၁ ရက်နေ့ထက် နောက်မကျစေဘဲ နေပြည်တော်သို့လာရောက်ရန် ခေါ်ယူထားပြီးဖြစ်ပါကြောင်း။
တည်းခိုရေးနှင့် နေရာချထားရေးကော်မတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ရောက်ရှိချိန်တွင် လုံခြုံစိတ်ချစွာတည်းခိုနေထိုင်နိုင်ရန် အဆောက်အအုံများ ကောင်းမွန်ရေး၊ သောက်သုံးရေနှင့် အသုံးအဆောင်ပစ္စည်းများ အဆင်ပြေစွာအသုံးပြုနိုင်ရေးကို သက်ဆိုင်ရာ ရုံး၊ ဌာန၊ အဖွဲ့အစည်းများနှင့်ပေါင်းစပ်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ပါကြောင်း၊ လုံခြုံရေးကော်မတီအနေဖြင့် လွှတ်တော်အစည်းအဝေးများကျင်းပစဉ်နှင့် ရပ်နားစဉ်ကာလများတွင် လွှတ်တော်ဝင်း အတွင်းအပြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့်နေရာများ၊ ယာဉ်တန်းအပါအဝင် သတ်မှတ်နေရာအလိုက် လုံခြုံရေးစနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဆက်သွယ်ရေး၊ အသံထိန်းစနစ်နှင့် ဆန္ဒမဲပေးစက်ခလုတ်ဆိုင်ရာ လုပ်ငန်းကော်မတီအနေဖြင့် လွှတ်တော်အသီးသီးရှိ Audio ၊ ဗီဒီယိုဆက်သွယ်မှုစနစ်များအပါအဝင် ဆက်သွယ်ရေးလိုင်းများကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အစားအသောက်စစ်ဆေးရေးကော်မတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းတည်းခိုနေထိုင်သည့်နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ သောက်သုံးရေ၊ စားသောက်မှုများကို ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
အလားတူ သယ်ယူပို့ဆောင်ရေးကော်မတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေးတက်ရောက်ရန် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှ နေပြည်တော်သို့ အသွားအပြန်ခရီးစဉ်များနှင့် နေပြည်တော်၌စုပေါင်းတည်းခိုနေထိုင်သည့်နေရာများမှ လွှတ်တော်များသို့သွားလာရေးကိစ္စများ အဆင်ပြေစေရန် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
အခမ်းအနားပြင်ဆင်ရေးကော်မတီအနေဖြင့် လွှတ်တော်ဝင်းအတွင်းရှိ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးလိုင်းများ၊ ရုပ်သံ၊ ရေဒီယို၊ တီဗွီဆိုင်ရာလုပ်ငန်းများ ကောင်းမွန်စေရေး၊ လွှတ်တော်အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအပါအဝင် လွှတ်တော်ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် လွှတ်တော်အဆောက်အအုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ပြန်ကြားရေးကော်မတီအနေဖြင့် လွှတ်တော်အစည်းအဝေးကျင်းပမှု ရုပ်သံ၊ သတင်းမှတ်တမ်းများ ရိုက်ကူးထုတ်လွှင့်မှုနှင့် ရုပ်သံစက်ပစ္စည်းများကောင်းမွန်ရန်၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ သတင်းရယူရေးကိစ္စများကို စနစ်တကျနှင့်အဆင်ပြေစေရန် မီဒီယာကတ်ထုတ်ပေးခြင်းနှင့် ရုပ်သံဆိုင်ရာ စက်ကိရိယာပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လွှတ်တော်အတွင်းသတင်းရယူရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့် စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေး ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးတာဝန်ယူပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ထို့အတူ လွှတ်တော်အစည်းအဝေးများကျင်းပစဉ် လွှတ်တော်ပရိဝုဏ်အတွင်း၊ လွှတ်တော်အစည်းအဝေးခန်းမကြီးများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန်၊ ဆက်သွယ်ရေးနှင့် ဆန္ဒမဲပေးစက်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်ပြီး စနစ်တကျ ဆောင်ရွက်သွားကြစေလိုကြောင်း၊ လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် တက်ရောက်လာကြသည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းသည် ကော်မတီဝင်များအားလုံး၏ စုပေါင်းညီညွတ်မှု မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်မှုများကြောင့် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကျန်းမာရေးနှင့် ပတ်သက်၍လည်း စောင့်ရှောက်မှုများ အချိန်မီ ဂရုတစိုက် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခု ကျင်းပမည့် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးများတွင် ဥပဒေကြမ်းများ၊ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဆွေးနွေးခြင်းဖြင့် လွှတ်တော်ကဏ္ဍကို အစစ်အမှန် စတင်အသက်သွင်းမည်ဖြစ်သည့်အတွက် အသံစနစ်များ ပိုမိုကောင်းမွန်စေရန်လိုအပ်ပါ ကြောင်း၊ အစိုးရသစ် ရက် (၁၀၀) စီမံကိန်းကာလနှင့် တိုက်ဆိုင်နေသည့်အတွက် အစိုးရနှင့်လွှတ်တော် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိချိန်တွင် တည်းခိုနေထိုင်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်သင့်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊
ယခင်ကျင်းပခဲ့သည့် အစည်းအဝေးများ၏ အားသာချက်များကိုထိန်းသိမ်းပြီး ကော်မတီဝင်များအနေဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးက ပထမပုံမှန်အစည်းအဝေးတွင် လုပ်ငန်းကော်မတီများ၏ ပေါင်းစပ်ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ဒုတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ဒုတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ဗဟိုကော်မတီနာယက က ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီနာယကနှင့်အဖွဲ့သည် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) သို့ သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် အခန်းတစ်ခန်း စီစဉ်ဆောင်ရွက်ထားရှိမှု၊ အစားအသောက်များ ချက်ပြုတ်စားသောက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ နေ့စဉ်သတင်းများနှင့် ဗဟုသုတများသိရှိနိုင်ရန်အတွက် ရုပ်မြင်သံကြားနှင့်စာဖတ်ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်က ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on May 21, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
Ministry of Ethnic Affairs / Posted on May 19, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
Ministry of Ethnic Affairs / Posted on February 28, 2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
