ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲကျင်းပ
ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲကျင်းပ
Ministry of Information/ Naypyitaw / March 19, 2026
နေပြည်တော် မတ် ၁၈
ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများအနေဖြင့် ယခု သင်တန်းတွင် လေ့လာခဲ့ရသော ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေး စည်းမျဉ်းဆိုင်ရာ လိုက်နာဆောင် ရွက်ရမည့် အချက်များနှင့် ဆက်နွှယ်နေသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကို လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးချအကောင်အထည်ဖော်ဆောင်ရွက် ကြစေလိုကြောင်း၊ နိုင်ငံ၏အကန့်အသတ်နှင့် တည်ရှိနေသော အရင်းအမြစ်များကို လိုအပ်နေသည့် လူမှုရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးစေရေးအတွက် ဦးစားပေးခွဲဝေလျာထားပေးခြင်းအပြင် ခွဲဝေပေးသောအသုံးစရိတ်များကို ထိရောက်အကျိုးရှိစွာ သုံးစွဲရေး၊ ရငွေများကိုလည်း မျှော်မှန်းထားသည့် လျာထားချက်များအတိုင်းရရှိအောင် ကြီးကြပ်ကောက်ခံနိုင်ရေးကို ထိန်းညှိ ဆောင်ရွက်ပေးရသည့် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝနေရန် လိုအပ်ကြောင်း၊ ယခုသင်တန်း မှရရှိသော အသိပညာ ဗဟုသုတ များကိုအသုံးချပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အရည် အသွေးပြည့်ဝစွာဖြင့် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့၏စွမ်းရည်များကို မြင့်သည်ထက်မြင့်အောင် အစဉ် မြှင့်တင်ကြရန်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ယူလေ့လာခဲ့ရသော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနည်းလမ်းများကို လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးကို တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး သင်တန်းတွင် ထူးချွန်သူများအား ဂုဏ်ပြုဆုများ နှင့် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းသို့ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ အရာထမ်း ၄၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
Announcement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
