ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်း
Ministry of Information/ Naypyitaw / November 20, 2025
ရန်ကုန် နိုဝင်ဘာ ၁၉
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။
တက်ရောက်
သင်တန်း ဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးက နိုင်ငံတော်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အတွေးသစ်၊ အမြင်သစ်များဖြင့် လိုက်ပါ ပြောင်းလဲဆောင်ရွက်ကြရန်၊ အလုပ်နှင့် ဘဝဟန်ချက်ညီအောင်ဖန်တီးနိုင်ပြီး အကြီး အမှူးကောင်းစိတ်ဓာတ်ဖြင့် မိသားစုအသွင် ဦးဆောင်လမ်းပြ ကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးစွမ်းဆောင်နိုင်သူများဖြစ်ရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ချမှတ်ထားသော မူဝါဒလမ်းညွှန်ချက်များကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာကာ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်အား ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ကြရန် လိုအပ် ကြောင်း။
နိုင်ငံတော်အစိုးရက အကောင်ထည်ဖော်သော လုပ်ငန်းများကို အဓိကလိုက်ပါ အကောင်ထည်ဖော် ရသော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ဖြစ်လာသည့်အခါ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် ဦးစီးဦးဆောင်ပြု၍ စေတနာထား တာဝန်ထမ်းဆောင်ကြရန်လို ကြောင်း၊ သင်တန်းမှရရှိသော အသိအမြင်များကို လုပ်ငန်းအတွေ့အကြုံများနှင့် ပေါင်းစပ်ကာ လက်တွေ့အသုံးပြုကြရန် တိုက်တွန်းမှာကြားပြီး သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်သည်။
သင်တန်းသို့ သင်တန်းသား ၁၇ ဦး၊ သင်တန်းသူ ခြောက်ဦး စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းနှင့် အရာထမ်းအခြေခံသင်တန်းများတွင် တက်ရောက်လျက်ရှိသော သင်တန်းသားများကို တွေ့ဆုံအမှာစကား ပြောကြားပြီး တက္ကသိုလ်၏ အုပ်ချုပ်မှု၊ လေ့ကျင့်သင်ကြားရေး အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
Myanmar National Human Rights Commission / Posted on November 20, 2025
ဂျပန်နိုင်ငံ၊ကိုးရီးယားသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) ကို (၂၁-၁၀-၂၀၂၅)ရက်မှ(၂၀-၁၀-၂၀၂၆)ရက်အထိ စမ်းသပ်ကာလ(၁)နှစ် ပထမအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ခွင့်ပြုကြောင်းအသိပေးကြေငြာခြင်း
Ministry of Hotel & Tourism / Posted on November 19, 2025
