သနပ်ပင်မြို့နယ် ကျုံပါလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေး
သနပ်ပင်မြို့နယ် ကျုံပါလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေး
Ministry of Cooperatives and Rural Development/ Naypyitaw / April 23, 2026
သနပ်ပင်မြို့နယ် ကျုံပါလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေး
သနပ်ပင်၊ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျုံပါလေးကျေးရွာအုပ်စု၊ကျုံပါလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းကအဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းကကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်အသင်းသား၊အသင်းသူများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာမြစိမ်း ရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုး ကျေးဇူးများလုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သနပ်ပင်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးကျုံပါလေးကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၁၂သိန်းငါးသောင်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းနှင့်တာဝန်ရှိသူများကမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူကျုံပါလေးကျေးရွာတွင် အဋ္ဌမအကြိမ်အဖြစ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၉ဦးကိုငွေကျပ်၂၂၈သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၂ဦးကိုငွေကျပ်၉၉သိန်းငါးသောင်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၅၀ဦးကိုငွေကျပ် ၁၈၅သိန်း၊စုစုပေါင်း အသင်းသား၊အသင်းသူ ၁၁၁ဦးကိုငွေကျပ်၅၁၂သိန်းငါးသောင်းထိထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on April 20, 2026
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
