သပ်လျှိုသွေးခွဲမှုများ သတိပြု၍ရှောင်ရှား


Ministry of Information/ Naypyitaw / March 11, 2026
image_latest


ဤကမ္ဘာမြေပေါ်တွင် အပင်နှင့်သတ္တဝါတို့ မျိုးမပြတ်ဘဲ ရှင်သန်ရပ်တည်နိုင်ရန် ကျန်းမာသန်စွမ်းကြဖို့လိုသည်။ အသန်မာဆုံးသည်သာ အရှည်ကြာဆုံးရပ်တည်နိုင်ခြင်း (Survival of the fittest) ဟူသော သဘာဝ၏ရွေးချယ်မှုအရ ကြံ့ခိုင်သန်စွမ်းမှုမရှိသော ဇီဝမျိုးစိတ်တို့မှာ ကမ္ဘာမြေပေါ်မှ ထာဝရပျောက်ကွယ်သွားကြရသည်။ နိုင်ငံတို့၏ သဘောမှာလည်း အဆိုပါ သက်ရှိဇီဝတို့၏ သဘောကဲ့သို့ပင် ကမ္ဘာမြေပေါ်တွင် ကြာရှည်စွာတည်ရှိနိုင်ရန် တန်ခိုးအင်အားကြီးဖို့လိုသည်။

ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိနေရာ စင်စစ်အားဖြင့် ဤနိုင်ငံများသည် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကိုယ်စီအတွက် အပြိုင်အဆိုင်ရုန်းကန်ရှင်သန်နေကြရခြင်းဖြစ်သည်။ ဤတွင် အင်အားကြီးသောနိုင်ငံဆိုသည်ကို နိုင်ငံ၏ပိုင်နက်နယ်နိမိတ် ကျယ်ဝန်းမှုဟူ၍ ဖွင့်ဆိုမှုရှိသလို ယဉ်ကျေးမှုနှင့် အတတ်ပညာ၊ နည်းပညာခေတ်မီဖွံ့ဖြိုးမှုဟူ၍ ဖွင့်ဆိုသည်လည်းရှိသည်။ နိုင်ငံတစ်နိုင်ငံ အင်အားကြီးလာရန် ပြင်ပဗဟိဒ္ဓသဘောအရ ကောင်းမွန်သည့် နယ်နိမိတ်အပိုင်းအခြားနှင့် အတွင်းအဇ္ဈတ္တသဘောအရ စည်းလုံးညီညွတ်မှုတို့ရှိနေရန် လိုအပ်သည်ဟုလည်းဆိုသည်။ ယနေ့ မိမိတို့၏မျက်စိရှေ့မှောက်တွင် တွေ့မြင်နေရသည့် ကမ္ဘာ့ရေးရာများမှာ အထက်တွင်ဖော်ပြခဲ့သည့် ပထဝီနိုင်ငံရေးဆိုင်ရာ သဘောတရားများ ဟောင်းနွမ်းမသွားသေးသည့် သက်သေများပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ၏ အနောက်မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိသည်။ ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး နိုင်ငံနှစ်နိုင်ငံဖြစ်ပြီး အာရှအင်အားကြီးနိုင်ငံများ ဖြစ်သော အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံတို့၏ကြားတွင် မြန်မာနိုင်ငံက နယ်နိမိတ်များ ထိစပ်တည်ရှိနေသည်။ အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်နေသည့် မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားသော ပင်လယ်ကမ်းရိုး တန်းကို ပိုင်ဆိုင်ထားပြီး မြန်မာ့အဏ္ဏဝါရေပိုင်နက်အတွင်း သဘာဝသယံဇာတများ တည်ရှိနေသကဲ့သို့ ကမ္ဘာ့ကုန်သွယ်ရေကြောင်းလမ်းမကြီးကို ချုပ်ကိုင်နိုင်သည့် အချက်အချာနေရာတွင်လည်း တည်ရှိနေသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ပင်မကုန်းမြေတွင် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်ပြီး သယံဇာတပေါကြွယ်ဝသည့်နိုင်ငံဖြစ်ရာ မြေရှားသတ္တုကဲ့သို့သော သယံဇာတထွက်ရှိသည့်အပြင် မတူးဖော်ရသေးသည့် သယံဇာတများရှိသည်ဟုလည်း ယုံကြည်ကြသည်။

အထက်တွင်ဖော်ပြထားသော အချက်များအရ မြန်မာနိုင်ငံသည် ပစ္စုပ္ပန်တွင်ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေ၌ ကမ္ဘာ့အင်အားကြီးတို့၏ အာရုံစိုက်စရာနေရာတစ်ခုဖြစ်နေသည်။ ဤသို့သော အခြေအနေတွင် ရှင်သန်ရပ်တည်ရေးအတွက် အင်အားရှိရန်လိုသည်။ ကြံ့ခိုင်သန်မာစွမ်းအားပြည့်သည့် နိုင်ငံဖြစ်ဖို့လိုသည်။ ရှေးက မိမိတို့၏ ဘိုးဘေးဘီဘင်များအမွေအဖြစ် ချန်ထားရစ်သည့် နိုင်ငံနယ်နိမိတ်ကို တစ်လက်မမျှပင် မထိပါးရန် ကာကွယ်ဖို့လိုသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲ ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို နိုင်ငံသူနိုင်ငံသား တိုင်းက အသက်တမျှ ဦးထိပ်ထားကြရမည်ဖြစ်သည်။ ပြည်တွင်း ပြည်ပ အန္တရာယ်ဟူသမျှကို ဉာဏ်မျက်စိဖြင့် ကြည့်မြင်နိုင်ကြရမည်ဖြစ်သည့်အပြင် သူတစ်ပါးနိုင်ငံ၏ တိုက်ရိုက်အကျိုးစီးပွား၊ သွယ်ဝိုက်အကျိုးစီးပွားအတွက် မိမိနိုင်ငံ၊ မိမိမြေပေါ်တွင်ကိုယ်စားပြု စစ်ပွဲ (Proxy war) များ လာရောက်ဖန်တီးတိုက်ခိုက်စေမှုတို့ကို ခွင့်မပြုကြရန်လည်း လိုအပ်သည်။

နိုင်ငံ၏ မြေပိုင်နက်၊ ရေပိုင်နက်၊ လေပိုင်နက်တို့ကို မြန်မာ့တပ်မတော်က အဓိကကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ရာ တပ်မတော်သည် ခေတ်မီတပ်မတော်၊ စွမ်းရည်စွမ်းအား ထက်မြက်သည့် တပ်မတော်၊ အင်အားခိုင်မာတောင့်တင်းသည့် တပ်မတော် ဖြစ်ရန် တည်ဆောက်သွားရမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတွင် တပ်မတော်နှင့် ပြည်သူတစ်သွေးတည်းတစ်သားတည်း စည်းလုံးညီညွတ်ရန် လိုအပ်သည့်အလျောက် တပ်မတော်နှင့်ပြည်သူအကြား ပြည်တွင်းပြည်ပအဖျက်အမှောင့်သမားတို့၏ သွေးခွဲသပ်လျှိုမှုများကိုသတိပြု၍ ရှောင်ရှားကြရမည်လည်း ဖြစ်သည်။ အတ္တကြီးမားသလောက် အသိဉာဏ်နည်းပါး၊ မိုက်တွင်းနက်သည့် နိုင်ငံရေးသမားအချို့ ခလောက်ဆန်မှုကြောင့် လက်ရှိ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေရသည့် နာကျင်ခံစားရမှုများမှာ တန်ဖိုးကြီးလှသည့် သင်ခန်းစာလည်းဖြစ်သည်။

မြန်မာ့တပ်မတော်ဆိုသည်မှာ တိုင်းရင်းသားပြည်သူများ အားလုံးမှပေါက်ဖွားလာသည့် ရင်နှစ်သည်းချာများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူမျိုးတစ်မျိုးကို ကိုယ်စားပြုထားခြင်းမဟုတ်ဘဲ ၁၃၅ မျိုးသော တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုထားခြင်းဖြစ်ရာ လူမျိုးရေးမုန်းတီးမှုဖြစ်ပေါ်စေရန် သွေးထိုးမှုများ၊ ကျဉ်းမြောင်းသည့် လူမျိုးစွဲဖြင့် သွေးခွဲလှုံ့ဆော်မှုများကို လုံးဝလက်မခံဘဲ ဆန့်ကျင်ဖယ်ရှားရှုတ်ချကြရမည်ဖြစ်သည့်အကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း

Ministry of Transport and Communications / Posted on March 10, 2026

ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း

Union Civil Service Board / Posted on March 10, 2026

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)

Union Civil Service Board / Posted on March 10, 2026

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)

Video