သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာထောက်ပံ့
သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာထောက်ပံ့
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 04, 2024
ဘားအံ အောက်တိုဘာ ၄
ကရင်ပြည်နယ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာအိတ်များထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုထောက်ပံ့ပေးလိုက်သည့်တိရစ္ဆာန်အစာအိတ်များအား ရေဘေးဒဏ် ကြောင့်ကိုယ်ခံအားလျော့နည်းနေသည့် ကျွဲ၊ နွားများကို အာဟာရဓါတ်ဖြည့်ပေးခြင်းဖြစ်၍ မွေးမြူသူများအတွက် အထောက်အကူဖြစ်စေကာ မွေးမြူသူများအနေဖြင့်တိရစ္ဆာန်အစာများကို အလေအလွင့်မရှိအောင် စနစ်တကျအသုံးပြု ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဖာပွန်မြို့နယ် ကမမောင်းမြို့များ ရှိ သဘာဝဘေးဒဏ်သင့်ကျွဲနွားများအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သိန်း(၇၅၀)တန်ဖိုးရှိ နွားအစာနု(၅၀) ကီလိုဂရမ်ပါ အိတ်(၁၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ မွေးမြူသူတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ကရင်ပြည်နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်၍ သဘာဝဘေးဒဏ်သင့်ဒေသများတွင် နွား ၂၂ ကောင် သေကြေပျက်စီးခဲ့ပြီး ကျွဲ၊ နွား၊ ဆိတ် ၅၀၀၀ ကျော် ပြောင်းရွှေ့ပေးခဲ့ရကာ နွားများသေကြေပျက်စီးမှုအတွက် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှလည်း ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
