သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာထောက်ပံ့
သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာထောက်ပံ့
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 04, 2024

ဘားအံ အောက်တိုဘာ ၄
ကရင်ပြည်နယ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာအိတ်များထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုထောက်ပံ့ပေးလိုက်သည့်တိရစ္ဆာန်အစာအိတ်များအား ရေဘေးဒဏ် ကြောင့်ကိုယ်ခံအားလျော့နည်းနေသည့် ကျွဲ၊ နွားများကို အာဟာရဓါတ်ဖြည့်ပေးခြင်းဖြစ်၍ မွေးမြူသူများအတွက် အထောက်အကူဖြစ်စေကာ မွေးမြူသူများအနေဖြင့်တိရစ္ဆာန်အစာများကို အလေအလွင့်မရှိအောင် စနစ်တကျအသုံးပြု ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဖာပွန်မြို့နယ် ကမမောင်းမြို့များ ရှိ သဘာဝဘေးဒဏ်သင့်ကျွဲနွားများအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သိန်း(၇၅၀)တန်ဖိုးရှိ နွားအစာနု(၅၀) ကီလိုဂရမ်ပါ အိတ်(၁၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ မွေးမြူသူတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ကရင်ပြည်နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်၍ သဘာဝဘေးဒဏ်သင့်ဒေသများတွင် နွား ၂၂ ကောင် သေကြေပျက်စီးခဲ့ပြီး ကျွဲ၊ နွား၊ ဆိတ် ၅၀၀၀ ကျော် ပြောင်းရွှေ့ပေးခဲ့ရကာ နွားများသေကြေပျက်စီးမှုအတွက် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှလည်း ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။
Announcement
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Naypyitaw Development Committee / Posted on June 17, 2025
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Revenue Appellate Tribunal / Posted on June 17, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Ministry of Information / Posted on June 14, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။