သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ၂၈-၃-၂၀၂၅နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်သင့်ခဲ့သည့် တက္ကသိုလ်၏ အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / April 28, 2025
image_latest


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဉီးလှမိုးနှင့် စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမြတ်ကျော်တို့သည် ၉-၄-၂၀၂၅ နေ့ နံနက်(၉း၀၀)နာရီတွင် ၂၈-၃-၂၀၂၅နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် တက္ကသိုလ်၏ ထိခိုက်ခဲ့သော အခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

အဆိုပါခရီးစဉ်သို့ ပြည်ထောင်စုဝန်ကြီးဉီးလှမိုး ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမြတ်ကျော်၊ ဉီးစီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ်များ၊ ကျေးလက်လမ်းဉီးစီးဌာနမှ တာဝန်ရှိ ခရိုင်ဉီးစီးမှူးနှင့် အင်ဂျင်နီယာများ ၊စစ်ကိုင်းမြို့နယ်မှ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် လာရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဉီးလှမိုး သည် ရှေးဉီးစွာ ပါမောက္ခချုပ်ဆရာမကြီး ဉီးဆောင်သော ဝန်ထမ်းမိသားစုများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၏ လက်ရှိနေထိုင်ရေး အစီအစဉ်များ အမြန်ဆုံးအဆင်ပြေနိုင်ရေး၊ အဆောက်အဉီပျက်စီးမှုများ အတွက် အဆင့်ဆင့်အလိုက် စီစဉ်သွားမည့် အစီအစဉ်များ၊ ရေမီးပြန်လည်ရရှိစေရေး၊ ရေသန့်စက် လာရောက် တပ်ဆင်ပေးမည့်အစီအစဉ်များ၊ ငလျင်ဒဏ်ကြောင့် အသက်အန္တရာယ် ဖြစ်ပေါ်ခဲ့သည့် ဝန်ထမ်း (၂)ဉီးနှင့် အတူနေမိသားစုမှ ကလေးငယ်(၁)ဉီး၊  ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၁)ဉီးတို့၏ ကျန်ရစ်သူမိသားစုများအား ထောက်ပံ့ပေးမည့်အစီအစဉ်များနှင့် လိုအပ်သည်တို့ကို ပံ့ပိုးပေးနိုင်ရေးတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း အားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများ အား တစ်ဉီးလျှင် ဆန်(၆)ပြည်၁အိတ်၊ ဆီ၁ပိဿာ ၁ဗူး နှင့် တကိုယ်ရေသုံး ထောက်ပံ့ရေးပစ္စည်းအစုံပါသည့် Hygiene kit များ၊ အသင့်စားသုံးနိုင်သော အစားအသောက်များ၊ရေသန့်များ ၊ဝန်ထမ်းတစ်ဦးချင်းစီတိုင်းအတွက် ထောက်ပံ့ငွေများနှင့် လိုအပ်သည်များကို ပေးအပ်ခဲ့ပါသည်။ တက္ကသိုလ်ဝန်ထမ်းမိသားစုများ ကိုယ်စား ပါမောက္ခချုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပါသည်။ 

 ပြည်ထောင်စုဝန်ကြီးသည် ငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် သုံးထပ်ပင်မဆောင် အဆောက်အဉီအခြေအနေများ၊ စာသင်ဆောင်အဆောက်အဦများ၊ ဝန်ထမ်းအိမ်ယာများအား စစ်ဆေးကြည့်ရှုခဲ့ရာ ပါမောက္ခချုပ်ဆရာမကြီး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် တက္ကသိုလ်မှ တာဝန်ရှိသူများက လှည့်လည်ပြသပြီး လိုအပ်သည်များကို တင်ပြရှင်းလင်းခဲ့ကြ ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ပြင်ဆင်သွားမည့် အစီအစဉ်များအား စနစ်တကျလမ်းညွှန်စီမံဆောင်ရွက်ပေးခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 20, 2026

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

Video