သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / February 10, 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄)နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို (၆.၂.၂၀၂၆)နေ့ နံနက်(၈:၃၀)နာရီ အချိန်တွင် T1 -203 စာသင်ခန်း၌ ကျင်းပခဲ့ပါသည်။
အဆိုပါစာတမ်းဖတ်ပွဲသို့ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသော ပြင်ပသဘာပတိများအဖြစ် အငြိမ်းစား ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ (သန်လျင်)မှ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနမှ ဌာနမှူး၊ သင်ကြားရေးရာဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ ကထိက(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ တာဝန်ရှိဝန်ထမ်းများနှင့် ကျောင်းသား /ကျောင်းသူများက စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။
ပါမောက္ခချုပ် ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့ စာတမ်းဖတ်ပွဲ Theme မှာ “Focuses on Applied Research that Connects Academic Concepts to Industry or Community needs” ဖြစ်ပြီး ပြည်တွင်းပြည်ပတွင် အရည်အသွေးပြည့်ဝပြီး လက်တွေ့ နယ်ပယ်တွင် အသုံးချနိုင်မည့် ဘာသာရပ်အကျိုးပြု၊ တက္ကသိုလ်အကျိုးပြု၊ ဒေသ အကျိုးပြု၊ နိုင်ငံအကျိုးပြုစာတမ်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်အနေဖြင့် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပြီး သုတေသန တွေ့ရှိချက်များကို လက်တွေ့အသုံးချနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်လျက် ရှိရာ တက္ကသိုလ်သင်ကြားရေးဌာန(၁၁)ဌာနမှ မိမိတို့၏ သက်ဆိုင်ရာဘာသာရပ်အလိုက် ရေး သားတင်သွင်းထားသည့် လူမှုအဖွဲ့အစည်းအကျိုးပြု၊ ဘာသာရပ်အကျိုးပြု သုတေသနစာတမ်း ပေါင်း (၂၃၇)စောင် ထုတ်ဝေခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော Korea Myanmar Research Association (KOMYRA), Sunchon National University, Korea တို့နှင့် MoU လက်မှတ်ရေးထိုးပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုသုတေသနစာတမ်း စုစုပေါင်း (၄၂)စောင် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။
တက္ကသိုလ်သည် စီးပွားရေးပညာရပ် များနှင့် စီးပွားရေးပညာရပ်များကို အထောက်အကူပြုသည့် ဘာသာရပ်များကို သင်ကြား ပေးနေသော တက္ကသိုလ် ဖြစ်သည်နှင့်အညီ သုတေသနစာတမ်းများကိုလည်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန်အတွက် အရည်အသွေးပြည့်ဝသော သုတေသနရလဒ်များ ပေါ်ထွက်လာစေရန် နှင့် ထိုရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်အောင် ဆက်လက်ဆောင်ရွက်သွားကြ စေလိုကြောင်း၊ သုတေသနပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်ခြင်း၊ Critical Thinking, Conceputal Skills, Analytical Skills စသော အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပြီး ဆရာ/ဆရာမများအနေဖြင့် အနာဂတ်တွင် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု စာတမ်းများရေးသားနိုင်သည်အထိ ကြိုးစားသွားကြရန်လိုကြောင်း၊ အပြည်ပြည် ဆိုင်ရာ သုတေသနဂျာနယ်များကို ရေးသားပြီး International Publication ရနိုင်ရန် ဆက်လက် ကြိုးစားသွားကြစေလိုကြောင်း၊ ယနေ့စာတမ်းဖတ်ပွဲတွင် ဘာသာရပ် (၁၁)ဌာနမှ သုတေသန စာတမ်း စုစုပေါင်း(၁၂)စောင်ဖတ်ကြားမည်ဖြစ်ပြီး ယနေ့အခမ်းအနားကိုကျင်းပနိုင်ရန် တာဝန်ယူ ဆောင်ရွက်ပေးပါသော တာဝန်ရှိသူများ၊ တက်ရောက်လာကြသော ဆရာကြီး၊ဆရာမကြီးများနှင့် ကျောင်းသား/သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စာတမ်းရှင်များမှ တက္ကသိုလ်အကျိုးပြုစာတမ်း (၁)စောင်၊ ဘာသာရပ် အကျိုးပြုစာတမ်း(၄)စောင်နှင့် ဒေသဆိုင်ရာအကျိုးပြုစာတမ်း(၅)စောင်၊ အဖွဲ့အစည်းအကျိုးပြု (၂) ဖြင့် စုစုပေါင်း စာတမ်း(၁၂)စောင် အား ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။
ထို့နောက် သဘာပတိများနှင့် စာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ညနေ (၁၆း၃၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
Ministry of Information / Posted on February 10, 2026
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်...
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
Ministry of Information / Posted on February 10, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
Ministry of Information / Posted on February 10, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...
