သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ် ကြိုဆိုပွဲ အခမ်းအနားကျင်းပ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ် ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / February 28, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ကြီးကြပ်မှု အောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်၊ မော်လမြိုင်) များမှ ကျောင်းသား၊ ကျောင်းသူများအား ဒေသန္တရဗဟုသုတများရရှိစေရန်၊ တက္ကသိုလ်၏ ခန့်ညား ထည်ဝါမှု၊ ဂုဏ်ဒြပ်နှင့် သင်ကြားသင်ယူမှု ပညာရပ်ဝန်းကျင်ကောင်း များကို လေ့လာသိရှိနိုင်စေရန် နှင့် တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိစေရန် ရည်ရွယ်၍ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)သို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားကို ၂၈-၂-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ လေ့လာရေးကျောင်းသား၊ ကျောင်းသူများသည် ဒက္ခိဏဆောင်၊ ဥတ္တရ ဆောင်နှင့် တက္ကသိုလ်စာကြည့်တိုက်များသို့ သွားရောက်လေ့လာကြပြီး ဘက်စုံသုံးခန်းမ ရှေ့သို့ ရောက်ရှိရာ ပထမနှစ်နှင့် အထူးပြု ဘာသာရပ်(၅)ခုမှ ကျောင်းသူများက ပန်းပွား အကဖြင့် ကြိုဆိုဖျော်ဖြေခဲ့ကြသည်။
၎င်းနောက် လေ့လာရေး ကျောင်းသား၊ ကျောင်းသူများသည် ဘက်စုံသုံးခန်းမတွင် နေရာယူကြပြီး တက္ကသိုလ်မှပထမနှစ်နှင့် အထူးပြု ဘာသာရပ်(၅)ခုမှ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကြိုဆိုဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် ဆောင်ပုဒ်၊ တက္ကသိုလ် သမိုင်းကြောင်းနှင့် သင်ကြားသည့်ဘာသာရပ်များ၊ ရည်မှန်းချက်၊ တက္ကသိုလ်၏ဆောင်ပုဒ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ရှင်းလင်းပြောကြား၍ သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို မေးခွန်းများမေးမြန်းပြီး ဖြေဆိုနိုင်သူ(၃)ဦးကို ဆုချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ မော်လမြိုင်သမဝါယမ သင်တန်းကျောင်းမှ ကျောင်းအုပ်ဒေါ်အေးကလျာက လေ့လာရေးခရီးစဉ်၏ ရည်ရွယ်ချက်နှင့် ရရှိသည့်အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် လေ့လာရေးခရီးစဉ်တွင် လိုက်ပါလာသည့် သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား ပါမောက္ခချုပ်က တက္ကသိုလ်အထိမ်းအမှတ် လက်ဆောင်ပစ္စည်း များပေးအပ်၍ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနား ကို နေ့လယ် ၁၂နာရီ တွင် ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် လေ့လာရေး ကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ ဆရာမများအား တက္ကသိုလ်မှ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ သင်ကြား၊စီမံ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနှစ်အသီးသီးမှ အတန်းကိုယ်စားလှယ်များ၊ ဖျော်ဖြေရေးအဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် လေ့လာရေး ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
Union Civil Service Board / Posted on February 27, 2026
ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း
Union Civil Service Board / Posted on February 27, 2026
ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း
အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
Ministry of Information / Posted on February 26, 2026
အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
