သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော်မြတ်ကြီး၏ (၂၄) ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 06, 2026
image_latest


သန်လျင်၊ မတ်လ ၆

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းဝင်းအတွင်း တည်ထား ကိုးကွယ် လျက်ရှိသော သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော်မြတ်ကြီး၏ (၂၄)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တက္ကသိုလ်ဓမ္မာရုံတွင် သံဃာတော် အရှင်သူမြတ် (၂၄)ပါးအား ပင့်ဖိတ်၍ ၄-၃-၂၀၂၆ ရက်နေ့မှ ၆-၃-၂၀၂၆ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
ထို့နောက် ၄-၃-၂၀၂၆ ရက်နေ့တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူး၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများ တက်ရောက်၍ ဖွင့်လှစ်ခဲ့ပြီး ၆-၃-၂၀၂၆ ရက်နေ့တွင် ဘုရားအနေကဇာတင်နှင့် ပဋ္ဌာန်းအောင်ပွဲ အခမ်းအနားကျင်းပရာ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် (၂၄)ပါးတို့အား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလ ဆောက်တည်ခဲ့ကြပြီး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် သံဃာတော် အရှင်သူမြတ် (၂၄)ပါးတို့အား ပါမောက္ခချုပ် နှင့် သင်ကြား၊ စီမံဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ခေတ္တဌာနမှူး၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်နှင့်အထူးပြု ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပါသည်။

 

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 06, 2026

၁။ အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိုးရိမ်ပူပန်လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 06, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ကြော်ငြာခြင်း

ဗီဒီယိုများ