သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ 2025 Job Fair အခမ်းအနားကျင်းပ
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ 2025 Job Fair အခမ်းအနားကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / April 28, 2025
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၆.၃.၂၀၂၅) ရက်နေ့၊နံနက် (၀၉း၀၀)နာရီ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ "2025 Job Fair " အခမ်းအနားကို သုံးထပ် ပင်မအဆောက်အဦမျက်နှာစာနှင့် ဘွဲ့နှင်းသဘင်ခန်းမတွင် အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ပထမပိုင်းတွင် "2025 Job Fair" အခမ်းအနားကို သုံးထပ်ပင်မ အဆောက်အဦရှေ့ မျက်နှာစာတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဥက္ကဋ္ဌ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမန္တလေးတိုင်းဒေသကြီးမှ ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ ဒုဥက္ကဋ္ဌ၊ ပြည်ဟိန်းေကာင်းကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက် ကျင်းပ ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ (သင်တန်း၊စီမံနှင့်သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဥက္ကဋ္ဌ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမန္တလေးတိုင်းဒေသကြီးမှ ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ ဒုဥက္ကဋ္ဌ၊ ကုမ္ပဏီ(၁၅)ခုမှ HR Manager များ၊ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူ များ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်မှ " ယခုကဲ့သို့ကျင်းပရခြင်းမှာ စတုတ္ထနှစ် ကျောင်းသား/ သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ မိမိတို့ တတ်ကျွမ်းထားသော ပညာရပ်များ ကို လက်တွေ့အသုံးချနိုင်ရန်၊ နိုင်ငံအတွက် လူ့စွမ်းအား အရင်းအမြစ်များကို လိုက်လျော ညီထွေစွာ အသုံးချနိုင်စေရန် ရည်ရွယ်ပါကြောင်း၊ တက္ကသိုလ်မှ Job Fair အခမ်းအနားကို (၅)ကြိမ်တိုင်ကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ 2025 Job Fair တွင် ပါဝင်ကြသော ကုမ္ပဏီ (၁၅)ခု ၌ ကျောင်းသားကျောင်းသူများမှ မိမိစိတ်ဝင်စားသည့် အလုပ်အကိုင်များတွင် လျှောက်ထားနိုင်ကြောင်း၊ တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထူးပြုမေဂျာဘွဲ့ရ ကျောင်းသား/သူများ၏ (၅.၄၃%)သည် အစိုးရဌာနများ၊ (၃၉.၃၇%)သည် ကုမ္ပဏီများ၊ (၃.၆၂%)သည် ဘဏ်များ၊ (၆.၈%)သည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ အခြားသော (၄၄.၈%)သည် NGO, INGO, Micro Financeနှင့် နိုင်ငံခြားသွားမည့်သူများ ဖြစ်ကြကြောင်း၊ ကျောင်းသူ/သားများအနေဖြင့် ယနေ့ပွဲသည် မိမိအရည်အချင်းကို ပြသပြီး ယုံကြည်ချက်ပြည့်ဝစွာဖြင့် မိမိတို့ အတွေ့အကြုံများကို တင်ပြ၍ Salary ကိုလည်း ထိုက်တန်သော လစာအား တင်ပြရန် လိုကြောင်း၊ အင်တာဗျူးသည့်အခါမှာလည်း မေးသည့်မေးခွန်းများကို ယဉ်ကျေးပျူငှာစွာ ဖြေကြားပေး ကြရန်၊ ကျောင်းသား/သူများအနေဖြင့် အလုပ်ခန့်အပ်ခြင်းခံရလျှင်လည်း ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြပါရန် ရိုးသားရန်၊စေတနာထားပြီး အလုပ်လုပ်ရန် မှာကြားလိုကြောင်း၊ တက္ကသိုလ်အား အချိန်ပေး၍ လာရောက်ပေးကြသော လုပ်ငန်းရှင် ဘက်မှလည်း အရည်အချင်းရှိသော ကျောင်းသူ/ကျောင်းသူများအား စိတ်ကြိုက် ရွေးချယ်နိုင် ကြောင်း၊ ထိုက်တန်သောလစာများ ပေးရန်လည်း Request လုပ်ကြောင်း၊ Job Fair တွင် ပါဝင်လှူဒါန်းကြသော လုပ်ငန်းရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း "ပြောကြားခဲ့ပါ သည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ မိမိတို့လုပ်ငန်း အကြောင်း အရာများကို အသီးသီး ရှင်းလင်းပြောကြားခဲ့ ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ မေးခွန်းအသီးသီးကို ဖြေကြားပေးခဲ့ကြပါ သည်။
လုပ်ငန်းရှင်များအားလည်း တက္ကသိုလ်မှ ကျောင်းသား/သူများ၏ အရည်အချင်းနှင့် သင်ကြားသော ဘာသာရပ်များကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိ/မရှိ သိရှိနိုင်ရန် Stakeholder feedback မေးခွန်းလွှာများဖြင့်စစ်တမ်းကောက်ယူ မေးမြန်းခဲ့ပါသည်။
ထို့နောက် ပါမောက္ခချုပ်မှ အလှူငွေများပေးအပ်ခဲ့ကြသည့် Win Brothers Group of Company Limited, Yangon မှ (၁၀)သိန်းကျပ်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်း မန္တလေးတိုင်းဒေသကြီး (MRCCI) မှ (၅)သိန်း(၅)သောင်း ကျပ်၊ ပြည်ဟိန်းကောင်း ဆောက်လုပ်ရေးကုမ္ပဏီ၊ မန္တလေးမြို့မှ (၅)သိန်းကျပ်၊ ဇီဝကဆေးဆိုင်၊ မန္တလေးမြို့မှ (၅)သိန်း ကျပ်၊ Royal Shwe Pinlon Company Limited, Mandalay မှ (၃)သိန်းကျပ်၊ LBU International College, Mandalay မှ (၃)သိန်းကျပ်၊ M Pride Company, Yangon မှ (၂)သိန်းကျပ်၊ SinPauk Footwear, Mandalay မှ (၂)သိန်းကျပ်၊ အားသစ်မာန် Company မှ (၂)သိန်းကျပ်၊ ဘောဂဗလ Plastic Factory မှ (၂)သိန်းကျပ်၊ HOMEGA Company Limited, Mandalay မှ (၁)သိန်းကျပ်၊ Professional Treasure Oriented Company Limited, Mandalay မှ (၁)သိန်းကျပ်၊ Shampree the Classic A-star Branch, Mandalay မှ (၁)သိန်းကျပ်၊ ဦးကာက လက်ဖက်လုပ်ငန်းတို့မှ (၁)သိန်းကျပ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များကို ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့မှ အသီးသီး ပေးအပ်ခဲ့ကြပြီး အမှတ်တရမှတ်တမ်း ဓါတ်ပုံရိုက်ယူခဲ့ပြီးနောက် နေ့လည် (၁၁း၀ဝ)နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်
ကုမ္ပဏီ(၁၅)ခု၏ပြခန်းများကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုရင်း အလုပ်လျှောက်လွှာ ဖြည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
#UCMS UPDATE
# 2025 Job Fair
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
