သမိုင်းစာမျက်နှာသစ်အတူဖွင့်လှစ် နှစ်နိုင်ငံအကျိုးစီးပွားဖော်ဆောင်


Ministry of Information/ Naypyitaw / June 02, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ခေါင်းဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မေ ၃၁ ရက် နံနက်ပိုင်းက မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ပြီး မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံရှိ အကြီးဆုံးစွမ်းအင်ကုမ္ပဏီ လုပ်ငန်းစုကြီးလုပ်ငန်းခွဲတစ်ခု၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ အဆိုပါအခမ်းအနားများတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သမိုင်းစာမျက်နှာသစ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက “မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာများအတွက် အာဆီယံနှင့် တရုတ်နိုင်ငံတို့သို့ ဆက်သွယ်ချိတ်ဆက် ပေးထားသည့် တံတားတစ်စင်း (Land Bridge) သဖွယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်ဦးနှစ်ဖက် ရေရှည်မျှဝေခံစားကြမည့် “Win-Win” အခြေအနေကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးများနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝသည့် သဘာဝသယံဇာတ၊ တည်နေရာ၊ အချက်အချာ၊ လူငယ်လုပ်သားထုတို့ကို အထိရောက်ဆုံးပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန် (Value-added) နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ၏ လက်ရှိပကတိတိုးတက်ဖြစ်ထွန်းမှုများနှင့် ဖွံ့ဖြိုးတိုးတက်စပြုနေသည့်အခြေအနေများကို ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံကြီး ဖြစ်သည့် အိန္ဒိယနိုင်ငံနှင့်ပေါင်းစပ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သမိုင်းစာမျက်နှာသစ်များဖွင့်လှစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးခဲ့ပေသည်။ လက်ရှိအချိန်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများ တိုးတက်ခိုင်မြဲလာသည် ကိုတွေ့ရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံများတွင်ပါဝင်ပြီး မြန်မာနိုင်ငံက စတုတ္ထမြောက် ပို့ကုန်အများဆုံးတင်ပို့နေသည့် နိုင်ငံဖြစ်သကဲ့သို့ မြန်မာနိုင်ငံကို ဆဋ္ဌမမြောက် သွင်းကုန်အများဆုံးတင်သွင်းနေသည့်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် နှစ်စဉ်ပျမ်းမျှ ၁ ဒသမ ၅ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံဘက်မှ ပို့ကုန်အများဆုံးဖြစ်သည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၉ ခုရှိပြီး အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်းနှင့် ၁၁ နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ဆေးဝါးထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံဆေးဝါးလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းဝန်းကျင်ကို တင်သွင်းလျက်ရှိသည်။ MSME လုပ်ငန်းများသည် မြန်မာ့စီးပွားရေး၏ မောင်းနှင်အားဖြစ်သကဲ့သို့ အိန္ဒိယနိုင်ငံ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် နည်းပညာတိုးတက်မှုများကိုလည်း မြန်မာနိုင်ငံက များစွာအသိအမှတ်ပြုထားသလို စက်မှုအုပ်စုများတည်ထောင်ခြင်း၊ နည်းပညာလွှဲပြောင်းရယူခြင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးရှိမည့် အပြောင်းအလဲကို ဖန်တီးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများအဖြစ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှု၊ ဆေးဝါးထုတ်လုပ်မှု၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများအဖြစ် သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့်ကဏ္ဍများအဖြစ် စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာအခြေခံ ကုန်ထုတ်လုပ်ငန်းများ၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို ဦးစားပေးသတ်မှတ်ဖိတ်ခေါ်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတော်၏လိုအပ်ချက်အရ ဓာတ်မြေဩဇာ၊ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတိုးတက်စေရန် လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများထုတ်လုပ်ခြင်းနှင့် စားသုံးဆီထုတ်လုပ်ခြင်း စသည့်ကဏ္ဍများတွင် မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါက ဦးစားပေးဝန်ဆောင်မှုအနေဖြင့် အထူးပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်သည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သမိုင်းစာမျက်နှာသစ်ကို အတူတကွပူးပေါင်းဖွင့်လှစ်ပေးနိုင်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည့်အပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲလာကာ နှစ်နိုင်ငံပြည်သူများအတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်ကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Ministry of Transport and Communications / Posted on June 01, 2026

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Information / Posted on June 01, 2026

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

Union Civil Service Board / Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

Video