သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းများအား ကွင်းဆင်းစစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းများအား ကွင်းဆင်းစစ်ဆေး
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / February 16, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁၄-၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ခရိုင်သစ်တောဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တနင်္သာရီတိုင်း ဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်ရေး၊ ဒီရေတောများ ထိန်းသိမ်းကာကွယ် ရေး၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင် သစ်နှင့် သတ္တုများ ထုတ်ယူ သယ်ဆောင်ခြင်းများအား ကာကွယ်တာဆီးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးကာကွယ်ရေးနှင့် Fire Hotspots ဖြစ်ပွားမှု လျော့ချနိုင်ရေး၊ ဝန်ထမ်း များအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးကိစ္စများ နှင့် စပ်လျဉ်း၍ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်းရှိ ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက မုတ်ကောင်သားဖောက်မွေးမြူခြင်း၊ ဝတ်ဆံသွင်းခြင်း၊ ဝတ်ဆံမြဲစစ်ဆေးခြင်း၊ ပုလဲဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုလဲမွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အခန်းကဏ္ဍတစ်ခုအနေဖြင့်ပါဝင်နေ ကြောင်း၊ နှစ်စဉ်လျာထားချက်နှင့် ထုတ်လုပ်မှုကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ကောင်းမွန် အောင် ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သားဖောက်ခန်းအတွင်း မုတ်ကောင်သားဖောက် မွေးမြူနေမှု၊ မုတ်ကောင် အတွင်း ဝတ်ဆံသွင်းပုလဲမွေးမြူမှု၊ X-Ray စက်ဖြင့် မုတ်ကောင်အတွင်း ဝတ်ဆံမြဲစစ်ဆေး ဆောင်ရွက်မှု နှင့်မုတ်ကောင်အတွင်းမှ ပုလဲဖော်ထုတ်ခြင်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျွန်းစုမြို့နယ်၊ ဒိုမယ်ကျွန်းရှိ မြန်မာတာဆာကီ ကုမ္ပဏီ၏ ပုလဲမွေးမြူထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ကုမ္ပဏီ၏ ယခုလအတွင်း ပုလဲဖော်ထုတ်ခြင်းမှရရှိလာသော ပုလဲများအား အရည်အသွေး အလိုက်၊ အရွယ်အစားအလိုက် ခွဲခြားပြသထားမှုအား ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ် ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းစခန်းသို့ရောက်ရှိရာ ပုလဲရတနာ ခန်းမတွင် အထွေထွေမန်နေဂျာက ပုလဲလုပ်ငန်းဖြစ်ပေါ်တိုးတက်လာမှု၊ သားဖောက် မုတ်ကောင်မှ ပုလဲထုတ်လုပ်မှုအဆင့်ဆင့်၊ ဌာနနှင့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ၏ နှစ်အလိုက် ပုလဲထုတ်လုပ်မှု နှင့် ရောင်းချမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ ထွက်ရှိသော တောင်ပင်လယ်ပုလဲသည် ကမ္ဘာတွင် အရည်အသွေးကောင်းမွန်ပြီး စျေးကွက်လိုအပ်ချက် မြင့်မားလျက်ရှိကြောင်း၊ မြန်မာ့ပုလဲ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဌာန၏ချမှတ်ထားသော ရေရှည်မျှော်မှန်းချက်၊ ရည်မှန်းချက် တာဝန်များနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုလဲကျွန်းစခန်းအတွင်း မုတ်ကောင်သားဖောက်မွေးမြူနေမှု နှင့် ပုလဲဖော်ထုတ်ဆောင်ရွက်နေမှုများအား လှည်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
