သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းများအား ကွင်းဆင်းစစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းများအား ကွင်းဆင်းစစ်ဆေး
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / February 16, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁၅-၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဝါးအလယ်ကျွန်းရှိ သဘာဝအခြေခံခရီးသွားလုပ်ငန်း၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက် နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်၊ လန်ပိကျွန်းရှိ မကြုံဂလက် ဆလုံတိုင်းရင်းသားကျေးရွာသို့ သွားရောက်၍ ဒေသခံဆလုံတိုင်းရင်းသားများနှင့်တွေ့ဆုံပြီး လန်ပိကျွန်းနှင့် ပတ်ဝန်းကျင်ဒေသသည် ဆလုံတိုင်းရင်းသားများ၏ လူနေမှုနှင့် ယဉ်ကျေးမှု ဓလေ့များ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ သဘာဝတောတောင်များဖြင့် သာယာလှပသော နေရာတစ်ခုဖြစ်ပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း၊ ဒေသခံများနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင်များ၏ တန်းဖိုးကို သိရှိနားလည်ပြီး ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆလုံတိုင်းရင်းသား အိမ်ထောင်စုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် စာသင်ကြားမှု အထောက်အကူပြုပစ္စည်းများနှင့် ကျေးရွာစာကြည့်တိုက် တည်ထောင်နိုင်ရေးအတွက် အလှူငွေများပေးအပ်ပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်းရှိ အရှေ့တိုင်း ပုလဲကုမ္ပဏီနှင့် စိန့်လုခ်ကျွန်းရှိ မြန်မာအန်ဒါမန်ပါးလ်ကုမ္ပဏီသို့ သွားရောက်၍ မုတ်ကောင် သားဖောက်မွေးမြူမှုနှင့် ဝတ်ဆံသွင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပုလဲထုတ်လုပ်မှု တိုးတက် လာစေရေးအတွက် မုတ်ကောင်သားဖောက်ခြင်းမှ ပုလဲဖော်ခြင်းအထိ လုပ်ငန်းစဉ်အလိုက် အထူး အလေးထားဆောင်ရွက်သွားရန်နှင့် မုတ်ကောင်သားဖောက်ရှင်သန်မှု မြင့်မားစေရေး၊ ဝတ်ဆံမြဲ မုတ်ကောင်ရာခိုင်နှုန်း တိုးတက်လာစေရေး၊ ဖော်ယူရရှိသော ပုလဲများ၏ အရည်အသွေးမြင့်မား စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
