သရက်မြို့နယ် ကျေးရွာနှစ်ရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

Ministry of Cooperatives and Rural Development/ Naypyitaw / April 29, 2026
image_latest

သရက်မြို့နယ် ကျေးရွာနှစ်ရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

*********************************************
သရက် ဧပြီ ၂၉
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မီးသွေးဖုတ်ကျေးရွာနှင့် သဲတောကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
        ရှေးဦးစွာ သရက်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိနန္ဒါအောင်က မီးခိုးမြူငွေ့အန္တရာယ်အကြောင်း သိကောင်းစရာများ၊ မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးပြောကြားသည်။
         ဆက်လက်၍ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်က ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်နှင့် စပ်လျဥ်း၍လည်းကောင်း၊ မြို့နယ်သသစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးက မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်အချက်များကို ဆွေးနွေးပြောကြားသည်။
        အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျေးရွာနှစ်ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ကြကြောင်း သိရသည်။
         
ဆက်လူ

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on April 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on April 27, 2026

Video