သီပေါမြို့နယ်၊ နမ့်လန်ဒေသနှင့် မိုင်းရယ်မြို့အနီး မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ
သီပေါမြို့နယ်၊ နမ့်လန်ဒေသနှင့် မိုင်းရယ်မြို့အနီး မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ
Ministry of Information/ Naypyitaw / January 16, 2026
နေပြည်တော် ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်များအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာအမြောက်အများကို သိမ်းဆည်းရမိခဲ့သည့်သတင်းအား ဇန်နဝါရီ ၁၅ ရက်နေ့တွင်လည်းကောင်း၊ မိုင်းရယ်မြို့၏ အနောက်မြောက်ဘက် ၃၄ ကီလိုမီတာအကွာ၊ နားလင်းကျေးရွာ၏ အရှေ့မြောက်ဘက် ၁၄ ကီလိုမီတာခန့်အကွာတွင် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများကို ထပ်မံဖမ်းဆီးရမိခဲ့သည့် သတင်းအား ဇန်နဝါရီ ၁၅ ရက်နေ့တွင်လည်းကောင်း အသီးသီးထုတ်ပြန်ပြီးဖြစ်သည်။
အဆိုပါ သိမ်းဆည်းရမိမှုများနှင့်ဆက်စပ်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များက လေကြောင်းကင်းထောက်ခြင်း၊ မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၆ ရက် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၁၉ ကီလိုမီတာခန့်အကွာ၊ မန်ဖြတ်ကျေးရွာ၏ အနောက်မြောက်ဘက် ၁၅ ကီလိုမီတာခန့်အကွာ၌ မသင်္ကာဖွယ်ရာအဆောက်အအုံများတွေ့ရှိရသဖြင့် သွားရောက်ရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အလျား ၂၀ ပေ၊ အနံ ၄၀ ပေရှိအဆောက်အအုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေရှိ လူနေတဲ ၁ လုံး၊ မူးယစ်ဆေးဝါးရောစပ်သည့် စတီးဗန်း ၆ ခုပါ အဆောက်အအုံ ၁ လုံး၊ အလျား ၁၂၀ ပေ၊ အနံ ၄၀ ပေရှိ အဆောက်အအုံ ၁ လုံး၊ အခြောက်ခံမွှေစက် ၂ လုံး၊ မူးယစ်ဆေးဝါး အဖြူရောင်အမှုန့်များထားရှိသည့် ဂိုဒေါင် ၁ လုံး၊ အလျား ၁၂၀ ပေ၊ အနံ ၂၀ ပေရှိ လူနေအဆောက်အအုံ ၁ လုံး၊ မီးစက်ကြီး ၅ လုံး၊ Loader ၁ စီး၊ Bulldozer ၁ စီး၊ အပြာရောင် ပေပါအခွံ ၁၀၀ လုံး၊ ပုံးအဖြူရောင် ၅၀ လုံး၊ ဂတ်စ်အိုး ၄၀ လုံး၊ စိစစ်ဆဲဓာတုဗဒေပစ္စည်းထည့်ထားသော အိတ် ၅၀ လုံးခန့်တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းခဲ့သည်။
အလားတူ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ယမန်နေ့က ဖမ်းဆီးရမိခဲ့သည့်နေရာ၏ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ ၊ သီပေါ - မိုင်းရယ်သွားကားလမ်းအနီးရှိ စိန်ကြော့ကျေးရွာ၏ အရှေ့တောင်ဘက် ၁၅ ကီလိုမီတာခန့်အကွာတွင် မသင်္ကာဖွယ်ရာ အဆောက်အအုံများတွေ့ရှိရသဖြင့် သွားရောက်ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် လူ ၅ ဦးဆန့် လူနေတဲ ၃၅ လုံး၊ Lovon အမျိုးအစား ဘက်ဟိုး ၁ စီး၊ အလျား ၃၀ ပေ၊ အနံ ၁၅ ပေရှိ ဝါးဂိုဒေါင် ၂ လုံး၊ အက်ဆစ် ၁၅ ဂါလံပုံး ၇၀ လုံး၊ အရှည်ပေ ၃၀၀ ခန့်ရှိ တဲ ၁ လုံး၊ အခြောက်ခံဗန်း ၃ ချပ်၊ မူးယစ်ဆေးဝါးချက်လုပ်သည့် ဖို ၃ ခု၊ ဂတ်စ်အိုး ၁၅၀ လုံး၊ ကျောက်ချဉ်အိတ် ၁၅၀ လုံး၊ ဆာလဖြူရစ် အက်ဆစ်ထည့်သောပုံးပြာ (အရည်ပါ) ၅၀၀ လုံး၊ ပုံးပြာအခွံ ၁၀၀၀ လုံး၊ ဆာလာအိတ်များဖြင့်ထည့်ထားသည့် Caustic Soda ၁၅၀ အိတ်၊ ဆပ်ပြာခွက်များထည့်ထားသည့် ကတ်ထူဖာ ၃၀၀ ဖာ တို့ကို ရှာဖွေဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ပြီး ထပ်မံ၍ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲနာရီခန့်တွင် အဆိုပါနေရာ၏ အနောက်မြောက်ဘက် ၄ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး ၂ လုံးပါ အလျား ၉၀ ပေ၊ အနံ ၄၀ ပေရှိ အဆောက်အအုံ ၁ လုံး၊ ရေထည့် Boxer ကန် ၂ လုံး၊ Liugong အမျိုးအစား Loader ၁ စီးနှင့် အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ လူနေတဲ ၃ လုံးတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများကိုပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာဌာနများသို့လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်အားလည်း မသင်္ကာဖွယ်မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများရှိနိုင်သေးသဖြင့် နယ်မြေဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသောစွမ်းအားစု၊ အရင်းအမြစ်များအသုံးပြုပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာအသိုက်အဝန်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းများရရှိပါကလည်း တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန်လိုအပ်ကြောင်းနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
အများပြည်သူသို့ အသိပေးကြေညာခြင်း
Naypyitaw Council / Posted on March 13, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Naypyitaw Development Committee / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
