သုတေသနနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် စိုက်ပျိုးရေးကဏ္ဍ အသွင်ကူးပြောင်းရန်လို
သုတေသနနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် စိုက်ပျိုးရေးကဏ္ဍ အသွင်ကူးပြောင်းရန်လို
Ministry of Information/ Naypyitaw / February 25, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၌ သီးနှံကာကွယ်ရေးပညာရှင်များနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာ တောင်သူပညာပေး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရေး ဆွေးနွေးမှာကြားသည်။
ဦးစွာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေးကဏ္ဍတွင် အရေးကြီးသည့် မျိုး၊ မြေ၊ ရေ၊ နည်းပညာလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးစေ့ဆိုင်ရာနည်းပညာများ၊ မြေဆီလွှာဆိုင်ရာ နည်းပညာများ၊ ရေစီမံခန့်ခွဲမှုနည်းပညာများအား တောင်သူလယ်သမားများ စနစ်တကျ လိုက်ပါအသုံးပြုလာစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မျိုးစေ့ကဏ္ဍတွင်လည်း တောင်သူလယ်သမားကိုယ်တိုင် အရည်အသွေးပြည့်မီသော မျိုးစေ့များကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲလာနိုင်ကြရန် ဌာနမှပညာရှင်များက တောင်သူများ၏ အခက်အခဲများကို အတူတကွဖြေရှင်းပေးခြင်းနှင့် တောင်သူလယ်သမားများအား လက်တွေ့နည်းပညာပေးခြင်း မျိုးစေ့ထုတ်အဖွဲ့များ ဖွဲ့စည်းလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
အထူးအလေးထား
တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် တိုင်းဒေသကြီး ပြည်နယ်များရှိ တောင်သူများ၏ ဒေသန္တရအခက်အခဲများကို ထိရောက်လျင်မြန်စွာဖြေရှင်းနိုင်ရန်အတွက် SMS Mobile နည်း ပညာ၊ AI နည်းပညာရပ်များကို အသုံးပြု၍ အချိန်မီမျှဝေပေးကြစေလိုကြောင်း၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် စိုက်ပျိုးရေးကဏ္ဍအသွင်ကူးပြောင်းရန် လိုအပ်လျက်ရှိကြောင်း၊ သီးနှံကာကွယ်ရေးဌာနနှင့် မြေအသုံးချရေးဌာနတို့ အချင်းချင်းအပြန်အလှန် ပူးပေါင်းဆောင်ရွက်၍ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု ဘဝရရှိရေးအတွက် ကျန်းမာသော ဂေဟစနစ်နှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအတွေ့အကြုံများကို သုတေသီပညာရှင်များနှင့် တောင်သူအချင်းချင်းဖလှယ်၍ အသုံးပြုနိုင်ရေးကို အထူးအလေးထားဆောင်ရွက်ကြရန်၊ ဂေဟစနစ်အမျိုးမျိုးအလိုက် သင့်လျော်သောမျိုးများကို မွေးမြူရွေးချယ်၍ တောင်သူလယ်သမားများ လုပ်ငန်းရှင်များပါဝင်သော မျိုးမွေးမြူရွေးချယ်ခြင်း၊ မျိုးသန့်ပွားများခြင်းများ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ပြီး အရည်သွေးကောင်း မျိုးစေ့သုံးစွဲမှုဖွံ့ဖြိုးတိုးတက်လာရေး ကြိုးပမ်းသွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on February 24, 2026
ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့...
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
Revenue Appellate Tribunal / Posted on February 24, 2026
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on February 24, 2026
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
