သေနတ်ပစ်ဖောက်လုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံ အမျိုးသားသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
သေနတ်ပစ်ဖောက်လုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံ အမျိုးသားသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / April 04, 2026
နေပြည်တော် ဧပြီ ၃
၂ဝ၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ “ရွှေစင်ဝင်း” ရွှေဆိုင်တွင် ဆိုင်ရှင်ဖြစ်သူသည် ဆိုင်ဝန်ထမ်း ဖြစ်သူနှင့်အတူ ဆိုင်ရှိရွှေဆွဲကြိုး ၁၈၄ ကုံးပါ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁ ပိဿာ ၅၀ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ်သိန်း ၈၅၀၀ ခန့်အား ခရီးဆောင်အိတ်ဖြင့် သိမ်းဆည်းပြီး ဆိုင်ပိတ်ကာ နေအိမ်သို့ပြန်ရန် မော်တော်ယာဉ်အားစောင့်ဆိုင်းနေစဉ် အမျိုးသားနှစ်ဦးရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ကားဘီးဖြုတ်သည့် ဂွင်းဂွဖြင့်ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းများထည့်ထားသော အိတ်အားလုယက်ယူဆောင်၍ အသင့်စောင့်နေသည့် အမျိုးသားတစ်ဦးမောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းပေးပို့တိုင်ကြားလာသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်း၌ (ပ)၇၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်းသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ လုယက် မှုကျူးလွန်ရာတွင်ပါဝင်သူ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဇော်လင်းထွန်း (၃၃) နှစ် (ဘ) ဦးထွန်းသောင်းအား ၎င်း၏ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ညောင်တေးကျေးရွာရှိ နေအိမ်၌ ဧပြီလ ၁ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်လင်းထွန်း၏ ထွက်ဆိုချက်အရ သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်သူ မှန်ကြီး (ခ) သက်နောင် (၅၈) နှစ် (ဘ) ဦးသိန်းအား ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မင်းရဲရပ်ကွက်ရှိ ရသာမွန်စားသောက်ဆိုင်၌ ဧပြီလ ၂ ရက်နေ့ ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံဇော်လင်းထွန်းသည် “ရွှေစင်ဝင်း" ရွှေဆိုင်အား လုယက်မှုမကျူးလွန်မီ ပတ်ဝန်းကျင်အခြေအနေအား စုံစမ်းလေ့လာစောင့်ကြည့်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး တရားခံ မှန်ကြီး (ခ) သက်နောင်နှင့် သက်ပိုင်ဦး (ဖမ်းဆီးရန်ကျန်) တို့နှစ်ဦးက သေနတ်ပစ်ဖောက်၍ လုယက်ခဲ့ကြကြောင်း၊ ဇော်လင်းထွန်းက ဆိုင်ကယ်မောင်းနှင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး တရားခံ မှန်ကြီး (ခ) သက်နောင်ထံမှ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀၅ ခု၊ ငွေကျပ်သိန်း ၂၄၀ ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် KUZEY-GN19 စာတမ်းပါ ပစ္စတိုသေနတ် (၁) လက်၊ PAC 380 AUTO ကျည် (၁၃) တောင့်၊ THAI ARMS-380 ACP ကျည် (၂) တောင့်၊ ကျည်ဘောက် (၂) ခု၊ ပစ္စတိုသေနတ်ထည့်သည့် MARMY စာတန်းပါအစိမ်းရောင်အိတ် (၁) ခုနှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၆၅ ခုတို့အားလည်းကောင်း၊ ရွှေပေါက်ကံတံတားအောက် ငမိုးရိပ်ချောင်းအတွင်းမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Feiling 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်အားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သည်။
အမှုမှ တရားခံ မှန်ကြီး(ခ)သက်နောင်နှင့် ဇော်လင်းထွန်းတို့၏ထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့နှစ်ဦးသည် စည်သူ(၃၈)နှစ် (ဘ)ဦးတင်ထွန်း နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နန္ဒဝန်ဈေးအနီးရှိ“ရောင်နီဦး” ရွှေဆိုင်အား လုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံများဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် တရားခံစည်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧပြီလ ၂ ရက်နေ့တွင် ၎င်းကို မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပင်လယ်ဘုန်းကြီးကျောင်းအနီး၌ သက်သေခံ ဆိုင်ကယ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
“ရွှေစင်ဝင်း”ရွှေဆိုင်နှင့် “ရောင်နီဦး”ရွှေဆိုင်တို့ကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံများအား ပြည်သူလူထုပူးပေါင်းပါဝင် ကူညီမှုဖြင့် ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးရမိတရားခံ မှန်ကြီး(ခ)သက်နောင်၊ ဇော်လင်းထွန်းနှင့် စည်သူ တို့သုံးဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်တရားခံ သက်ပိုင်ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on April 03, 2026
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Ministry of Electric Power / Posted on March 24, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
