သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်‌ချေးပေး

Ministry of Cooperatives and Rural Development/ Naypyitaw / May 31, 2026
image_latest

သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်‌ချေးပေး
=====================================
သံဖြူဇရပ်၊ မေ-၃၀
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝဲခမိကျေးရွာ၌ ဧကဒဿမအကြိမ်‌မြောက်မြစိမ်း ရောင်‌ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ကြောင်းသိရသည်။
    ရှေးဦးစွာ သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ဆုသန္တာလင်းမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်တခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့်အကျိုး ကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ်အကြောင်းအရာများ၊ ကျေးလက်ဥပဒေ၊ နည်းဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားသည်။
      ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံ ကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံ‌ ငွေကျပ် ၆၄ ဒဿမ ၃၀ သန်းကိုလွှဲပြောင်းပေး အပ်သည်။
     ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် မြစိမ်းရောင်‌ကျေး ရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဝဲခမိကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၁၁ ဦးကိုချေး ငွေကျပ် ၁၉ ဒဿမ ၈၀ သန်း၊မွေးမြူရေးလုပ်ငန်း လုပ်ငန်းဆောင်ရွက်သူ ၉ ဦးကိုချေးငွေကျပ် ၂၂ သန်း၊ အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်သူ ၁၀ ဦးကို‌ချေးငွေကျပ် ၂၂ ဒဿမ ၅၀ သန်း၊ စုစုပေါင်းအသင်းသား အသင်းသူ ၃၀ ဦးထံသို့ ဧကဒဿမအကြိမ်မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းအ ရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၄ ဒဿမ ၃၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ကိုညို(ကျေးလက်)

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။

Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။

Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Information / Posted on June 01, 2026

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

Union Civil Service Board / Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

Video