သွင်းအားစုများ ပေးအပ်ခြင်း၊ လယ်ယာဝန်ဆောင်မှုအသင်းများနှင့် ချိတ်ဆက်ထွန်ယက်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / June 12, 2025
image_latest


နေပြည်တော် ဇွန် ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မင်းရပ်ကွင်းကျေးရွာရှိ ယင်းနားကုန်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဇော်ဝင်းနိုင်၏ အောင်နိုင်တိုး အထွက်တိုးမျိုးစံပြနွေစပါးစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် မကွေးမြို့ မြို့တော်ခန်းမ၌ သမဝါယမဦးစီးဌာနနှင့် မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီများ၊ လယ်ယာသုံးစက်ကိရိယာရောင်းချသည့် ကုမ္ပဏီများ ပူးပေါင်းကျင်းပသည့် သွင်းအားစုများပေးအပ်ခြင်း၊ လယ်ယာဝန်ဆောင်မှုအသင်းများနှင့် ချိတ်ဆက်ထွန်ယက်ခြင်း အခမ်းအနားနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း မျိုးစေ့၊ သွင်းအားစုနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးခဲ့မှုနှင့် လက်ရှိဆောင်ရွက်ပေးနေမှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြကြပြီး အသင်းသားတောင်သူများက သိရှိလိုသည်များမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးသမဝါယမ အသင်း ၄၉ သင်းအတွက် အထွက်တိုးစပါးမျိုးများ၊ အစေ့ချစက်များနှင့် သွင်းအားစုမြေဩဇာများကို အသင်းသားတောင်သူများထံသို့လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၁၉ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူထည့် ဝင်ငွေနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၂၈၅၀ ကို ကျေးရွာကိုယ်စားလှယ်များထံသို့လည်းကောင်း ပေးအပ်ကြသည်။

ယင်းနောက် ခင်းကျင်းပြသထားသော လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး၊ မျိုးစေ့များ၊ သွင်းအားစုများကို ကြည့်ရှုအားပေးသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးမြို့နယ် ရှားပင်လှကျေးရွာ မွေးမြူရေးဇုန်၌ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ ဥစားကြက်ကောင်ရေ ၆၀၀၀ မွေးမြူနိုင်ရေးဆောင် ရွက်နေမှုကိုလည်းကောင်း၊ အောင်မြန်မာမွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၏ ဥစားကြက်ကောင်ရေ ၁၂၀၀၀ မွေးမြူနိုင်ရေးဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ် လျောင်းတော်ဦးကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကံပြားကျေးရွာ၌ ကံပြားစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးထွန်းဝင်း၏ ယာမြေ ၄ ဒသမ ၄ ဧက၌ ထွန်စက်များဖြင့် ထွန်ယက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

Ministry of Information / Posted on June 13, 2025

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

Ministry of Information / Posted on June 13, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on June 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ပေးပို့သည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023