ဟိုတယ်များမှ မန်နေဂျာ/ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်


Ministry of Hotel & Tourism/ နေပြည်တော် / January 27, 2026


နေပြည်တော် ဇန်နဝါရီ ၂၆

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သား များ ပေါ်ထွက်လာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ငွေဆောင်ကမ်းခြေဒေသအတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူး အဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ငွေဆောင်မြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ငွေဆောင်ဇုန်)၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း (ငွေဆောင်ဇုန်)၊ ဟိုတယ်လုပ်ငန်းရှင် များနှင့် အထွေထွေမန်နေဂျာများ၊ သင်တန်း နည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူး အဆင့်ရှိ ဝန်ထမ်းများအနေဖြင့် ဟိုတယ်များ၏ မူဝါဒ၊ ရည်ရွယ်ချက်များကို အကောင်အထည် ဖော်ရခြင်းအတွက်သာမက ဝန်ထမ်းများနှင့် ဧည့်သည်များအကြား ဦးဆောင်ချိတ်ဆက် ဆောင်ရွက်သူများဖြစ်သဖြင့် supervisory skills ရှိနေရန်လိုအပ်ကြောင်း၊ ထို့ပြင် မိမိတို့ ဟိုတယ်နှင့်ခရီးစဉ်ဒေသ၏ ပုံရိပ်ကိုမြှင့်တင်နိုင်ရန်အတွက်လည်း ကြိုးစားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ မန်နေဂျာ/ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ဟိုတယ်သို့ လာရောက်တည်းခိုနေထိုင်ကြသည့် ဧည့်သည်များ စိတ်ကျေနပ်မှုရရှိပြီး တန်ဖိုးနှင့်ထိုက်တန်မှု ရှိသော ဝန်ဆောင်မှုများရရှိနေစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုများရရှိနေစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြာပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းဖွင့်လှစ်ခဲ့သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာသင်တန်းများ မှတ်တမ်း video clip ကိုပြသသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ယမုံနာဦးဟိုတယ်၌ ငွေဆောင်မြို့ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပါသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ငွေဆောင်ကမ်းခြေဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန် ညဈေးတန်း ကဲ့သို့သော Night Life Activities များကို ဖန်တီးခြင်း၊ ကမ်းခြေတွင် ဆောင်ရွက်နိုင်မည့် အားကစားပြိုင်ပွဲများကို စီစဉ်ဆောင်ရွက်ခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ရိုးရာပွဲတော်များကို ပုံမှန်ကျင်းပဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ငွေဆောင်ကမ်းခြေဒေသ သာယာလှပရေး၊ စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ငွေဆောင်မြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌက ငွေဆောင်ဒေသဆိုင်ရာ အချက်အလက်များ၊ ငွေဆောင်ဒေသသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေ များ၊ ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်လာရောက်လည်ပတ်နိုင်ရေးနှင့် ငွေဆောင်ကမ်းခြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် သင်တန်းခန်းမ၌ သင်ခန်းစာ စာတွေ့/လက်တွေ့ ပို့ချပေးနေမှု၊နည်းပြများနှင့်သင်တန်းသားများ အပြန်အလှန်ဆွေးနွေးနေမှုတို့ကို ကြည့်ရှုပြီး လိုအပ်သည်များကိုဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source From: MyanmarAlin

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

Ministry of Cooperatives and Rural Development / Posted on January 23, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

Ministry of Information / Posted on January 24, 2026

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023