အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစစ်ဆေးကုသ စောင့်ရှောက်ပေးမှုများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

Ministry of Home Affairs/ နေပြည်တော် / May 30, 2026

     အကျဉ်းဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်များရှိ ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၂၅ ရက်နှင့် ၂၈ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် သာယာဝတီခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေါက်တာ နေသက်ထွန်း ဦးဆောင်သော အဖွဲ့ဝင် ၆ ဦးတို့သည် သာယာဝတီဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၉၉ ဦး၊ အကျဉ်းသူ ၆၈ ဦး၊ စုစုပေါင်း ၄၆၇ ဦးအား  Mobile Team  ဖြင့် တီဘီရောဂါ ရှာဖွေခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား လည်းကောင်း။

     အလားတူ မေ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာ ချမ်းသာဇော် ဦးဆောင်သော အဖွဲ့ဝင် ၄ ဦး တို့သည် ပြည်အကျဉ်းထောင်မှ အကျဉ်းသား ၁၈၆ ဦး၊ အကျဉ်းသူ ၂၅ ဦး၊ စုစုပေါင်း ၂၁၁ ဦးအား HIV/AIDS ကျန်းမာရေးပညာပေးဟောပြောခြင်းနှင့် VDRL သွေးဖောက်စစ်ဆေးခြင်းလုပ်ငန်းများအား လည်းကောင်း။

     ထို့အတူ မေ ၂၇ ရက်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလင်းထင်ကျော် ဦးဆောင်သော အဖွဲ့ဝင် ၃၀ ဦးတို့သည် ညောင်ရွှေ အကျဉ်းထောင်မှ အကျဉ်းသား ၄၁၀ ဦး၊ အကျဉ်းသူ ၇၉ ဦး၊ စုစုပေါင်း ၄၈၉ ဦးတို့အား သွားနှင့် ခံတွင်း၊ အရေပြားရောဂါ၊ မျက်စိရောဂါနှင့် အထွေထွေရောဂါတို့အား ကျန်းမာရေးစောင့်ရှောက်ပေးမှု များအားလည်းကောင်း အသီးသီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။

Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။

Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။

Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

Union Civil Service Board / Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

Union Civil Service Board / Posted on May 29, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

Ministry of Information / Posted on May 29, 2026

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

Video