အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေး စစ်ဆေးကုသစောင့်ရှောက်ပေးမှုနှင့် ကျန်းမာရေးမှူးများမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ ကျင်းပ
အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေး စစ်ဆေးကုသစောင့်ရှောက်ပေးမှုနှင့် ကျန်းမာရေးမှူးများမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / November 09, 2025
အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် ကျန်းမာရေးဦးစီးဌာနနှင့် ပြင်ပကျန်းမာရေးအဖွဲ့များ ပူးပေါင်း၍ လစဉ်ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၅၇ ဦးအား အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း(ဗဟို)၊ မန္တလေးရုံးခွဲမှ ဦးစီးအရာရှိ ဒေါ်ထိုက်ထိုက်ထွန်း ဦးဆောင်သော အဖွဲ့ဝင် ၇ ဦးတို့မှ လည်းကောင်း၊ နိုဝင်ဘာ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၁၁၆ ဦး၊ အချုပ်သား၊ အချုပ်သူ ၂၈ ဦး၊ စုစုပေါင်း ၁၄၄ ဦးတို့အား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးဇော်မင်းထွန်း ဦးဆောင်သော အဖွဲ့ဝင် ၉ ဦးတို့မှ တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဝန်ထမ်း၊ မိသားစုဝင် ၄၀ ဦး၊ အကျဉ်းသား၊ အကျဉ်းသူ ၅၁၀ ဦးနှင့် အချုပ်သား၊ အချုပ်သူ ၅၀ ဦး၊ စုစုပေါင်း ၅၆၀ ဦးတို့အား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ဇင်မင်းစိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဦးဥဂ္ဂါဖြိုးတို့မှ “ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ကျန်းမာရေးဟောပြော ပွဲ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းအသိပေးကြေညာခြင်း
Ministry of Information / Posted on November 08, 2025
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ကျောင်းတက်ရောက်နေကြရမည်ဖြစ်ပါသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့်
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on November 08, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on November 08, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
