အကျဉ်းထောင်/စခန်းများတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစစ်ဆေးကုသစောင့်ရှောက် ပေးမှု


Ministry of Home Affairs/ နေပြည်တော် / December 13, 2025


     အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ ကျန်းမာရေးအဖွဲ့များနှင့်ပူး ပေါင်း၍ လစဉ်ကျန်းမာရေးစစ်ဆေးကုသ စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ကချင်ပြည်နယ်၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ဒုပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သွယ်သွယ်စိမ်းပါ ၈ ဦး တို့သည် မြစ်ကြီးနားအကျဉ်းထောင်သို့ ဝင်ရောက်၍ အကျဉ်းသား ၂၅ ဦး၊ အချုပ်သား ၅ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အား လည်းကောင်း။

     အလားတူ ဒီဇင်ဘာ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးမှ သွား/ခံတွင်း လက်ထောက်ဆရာဝန် ဒေါက်တာ ဦးသက်ဇော်ပါ ၃ ဦးတို့ သည် မုံရွာအကျဉ်းထောင်သို့ ဝင်ရောက်၍ အကျဉ်းသား ၆၄ ဦး၊ အချုပ်သား ၁ ဦး၊ အကျဉ်းသူ ၂၆ ဦး၊ စုစုပေါင်း ၉၁ ဦးအား လည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် ကသာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဒေါ်ဖြူပြာမင်းပါ ၅ ဦးတို့သည် ကသာအကျဉ်းထောင်သို့ ဝင်ရောက်၍ အကျဉ်းသား/သူ ၁၅ ဦးတို့အား လည်း ကောင်း။

     အလားတူ ဒီဇင်ဘာ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးမျက်စိဌာနမှ မျက်မှန်ကျွမ်းကျင်-၂ အဖွဲ့တို့သည် မကွေးဗဟိုအကျဉ်းထောင်သို့ ဝင်ရောက်၍ အကျဉ်းသား ၄၇ ဦး၊ အကျဉ်းသူ ၂ ဦး၊ စုစုပေါင်း ၄၉ ဦးတို့အား လည်းကောင်း။

     အလားတူ ဒီဇင်ဘာ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့စိတ်ရောဂါအထူးကု ဆေးရုံကြီးမှ စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာ မင်းချစ်ကိုကိုပါ ၄ ဦးတို့သည် မန္တလေးဗဟို အကျဉ်းထောင်သို့ဝင်ရောက်၍ အကျဉ်းသား ၈၄ ဦး၊ အကျဉ်းသူ ၁၅ ဦး၊ စုစုပေါင်း ၉၉ ဦးတို့အား လည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် အမျိုး သားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-မန္တလေးရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်စိုးပါ ၈ ဦးတို့သည် ထုံးဘို(၁)ကုန်ထုတ်စခန်းသို့ ဝင်ရောက်၍ အကျဉ်းသား ၁၇၈ ဦးတို့အား လည်းကောင်း ကျန်းမာရေးစစ်ဆေးကုသစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Information / Posted on December 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023