အကျဉ်းထောင်/စခန်း အသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစစ်ဆေးကုသ စောင့်ရှောက်ပေးမှုများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်


Ministry of Home Affairs/ နေပြည်တော် / May 23, 2026


     အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ကျန်းမာရေး စစ်ဆေးကုသစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် Global Fund အထောက်အပံ့ဖြင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-မန္တလေးရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်စိုး ဦးဆောင်သော အဖွဲ့ဝင် ၉ ဦးတို့သည် ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား ၂၉၄ ဦး၊ အချုပ်သား ၂၂ ဦး၊ စုစုပေါင်း ၃၁၆ ဦးတို့အား တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား လည်းကောင်း။

     အလားတူ မေ ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန် ဦးအောင်ကျော်ထက် ဦးဆောင်သော အဖွဲ့ဝင် ၆ ဦးတို့သည် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား ၅၀ ဦး၊ အချုပ်သား ၅ ဦး၊ စုစုပေါင်း ၅၅ ဦးတို့အား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အကျဉ်းသား ၂၀ ဦးအား HIV ပိုး ရှိ/ မရှိ  သွေးဖောက်စစ်ဆေးမှုများအား လည်းကောင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video