အခွန်အယူခံခုံအဖွဲ့ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း


Revenue Appellate Tribunal/ Naypyitaw / June 26, 2025
image_latest


နေပြည်တော်  ဇွန်  ၁၉

အခွန်အယူခံခုံအဖွဲ့ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ နေ့လယ် (၁၃:၀၀)နာရီတွင် အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ်(၅၇)၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာအရာထမ်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်ကောင်စီ အပါအဝင် ဌာနနှင့် အဖွဲ့အစည်း (၁၃)ခုတို့မှ တာဝန်ရှိသူများက တက်ရောက်သည်။

အဆိုပါအစည်းအဝေးတွင် အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ အခွန်အယူခံခုံအဖွဲ့ ဥပဒေအား ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် ၂၃/၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ရာ ဥပဒေပုဒ်မ ၄၂ ပါ ဝန်ကြီးဌာန၏အမည်နှင့်စပ်လျဉ်း၍ ပြင်ဆင်ရန် လိုအပ်သည့်အပြင် ဥပဒေပါပြဋ္ဌာန်းချက်အချို့နှင့်စပ်လျဉ်း၍ အဓိပ္ပာယ် ပိုမိုပြည့်စုံစေရေး၊ ဥပဒေနှင့် နည်းဥပဒေတို့တွင် ပြဋ္ဌာန်းချက်များ ညီညွတ်စေရေး၊ ခုံအဖွဲ့၏ လုပ်ပိုင်ခွင့်တာဝန်ပေးအပ်ခြင်းဆိုင်ရာများတွင် ပိုမိုပြည့်စုံစေရေးတို့အတွက် အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)နှင့် အဆိုပါ ပြင်ဆင်မည့် ဥပဒေနှင့် ညီညွတ်မှု ရှိစေရန်အတွက် အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်မည့် (မူကြမ်း) တို့အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များ တောင်းခံရရှိထားပြီးဖြစ်၍ ယခု ညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များအရ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းသည်။

 

bb

 

cc

 

dd

 

ee

 

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on June 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့်...

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on June 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023