အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Program – PFP ) နှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Program – PFP ) နှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
Office of the Auditor General of the Union/ NPT / June 20, 2025
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကိုသိရှိနိုင်ရန် ရည်ရွယ်၍ ဝန်ဆောင်မှုရယူ ခဲ့ကြသောပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code No “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့်တုံ့ပြန်မှုရယူခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Program-PFP) ကို အသုံး ပြုဆောင်ရွက်လျက်ရှိပါသည်။
၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံစာရင်းကောင်စီရုံး၏ ဒီပလိုမာစာရင်းကိုင်သင်တန်း (ပထမပိုင်း) အမှတ်စဉ်-၄၄၊ ဒီပလိုမာ စာရင်းကိုင်သင်တန်း (ဒုတိယပိုင်း) အမှတ်စဉ်-၄၃၊ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) အမှတ်စဉ်-၄၇ သင်တန်းများလျှောက်ထားခြင်း၊ သင်တန်းသားမှတ်ပုံတင်ခြင်း၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (ပြည့်မီ) CPA (Full Fledged)၊ အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေး သည့်လုပ်ငန်းလုပ်ကိုင်သူ (PAPP)၊ Audit Firm၊ Non-Audit Services များ မှတ်ပုံတင်သက်တမ်း တိုးခြင်း စသည့်ဝန်ဆောင်မှုရယူခြင်းနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးဌာနခွဲအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး လိုအပ်ချက်များကို ပြုပြင်နိုင်မည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ အပိုဒ် (၂) ပါ ဝန်ဆောင်မှုရယူသူများအနက် နမူနာရွေးချယ်ထားသူများထံ နဝမအကြိမ်အဖြစ် Short Code “1111” ဖြင့် SMS ပေးပို့မေးမြန်းလိုက်သော မေးခွန်းများကို မေးခွန်းလက်ခံရရှိသည့်နေ့မှစ၍ (၂) ပတ်အတွင်း ပေးပို့လိုက်သည့် SMS သို့ ပြန်လည်ဖြေကြား ပေးခြင်းဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အများပြည်သူသို့ အသိပေးကြေညာ
Ministry of Information / Posted on March 07, 2026
အများပြည်သူသို့ အသိပေးကြေညာ
အများပြည်သူသို့ အသိပေးကြေညာ
Ministry of Information / Posted on March 07, 2026
အများပြည်သူသို့ အသိပေးကြေညာ
ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
Ministry of Information / Posted on March 07, 2026
ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
