အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူခွင့်ရရှိနေသော မော်တော်ယာဉ်များအနေဖြင့် ပြည်သူများအတွက် အကျိုးရှိထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရေး စီမံဆောင်ရွက်
အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူခွင့်ရရှိနေသော မော်တော်ယာဉ်များအနေဖြင့် ပြည်သူများအတွက် အကျိုးရှိထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရေး စီမံဆောင်ရွက်
Ministry of Information/ Naypyitaw / March 16, 2026
နေပြည်တော် မတ် ၁၅
စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိရာ ပြည်သူများ အမှန်တကယ်အကျိုးခံစားခွင့်ရရှိစေ ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို နိုင်ငံတော်အနေဖြင့် ဖြေရှင်းဆောင်ရွက်ရာတွင် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ အရန်စက်သုံးဆီပမာဏ ပိုမိုသိုလှောင်နိုင်ရေး၊ စက်သုံးဆီတင်သွင်းသည့် အရန်လမ်းကြောင်းများအား ရှာဖွေရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်နေပါကြောင်း၊ စက်သုံးဆီခြိုးခြံချွေတာနိုင်ရေးတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးသည် အဓိကကျပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့ (CNG) များကို မပြောင်းလဲသော ဈေးနှုန်းဖြစ်သည့် ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ရောင်းချပေးနေပါကြောင်း၊ ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေပါကြောင်း၊ စက်စွမ်းအားတူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် CNG တို့အား တူညီခရီးအကွာအဝေးအတွက် လောင်စာဆီကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါက CNG သည် သုံးပုံတစ်ပုံခန့်သာကုန်ကျမည်ဖြစ်ပါကြောင်း၊ CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများ ခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ CNG Taxi သုံးယာဉ်များကို စီးနင်းကြသည့် ပြည်သူများအနေဖြင့် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းကြီးမြင့်မှုကို အခွင့်အရေးယူ၍ ငှားရမ်းခတိုးမြှင့်တောင်းခံခြင်းများ ကြုံတွေ့ရ၍ တိုင်ကြားလာပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်၍ သုံးစွဲခွင့်တောင်းခံထားသည့် အခြားမော်တော်ယာဉ်များကို ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ YBS ယာဉ်များအနေဖြင့်လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း ၌သာမောင်းနှင်၍ ဝန်ဆောင်မှုပေးကြရန် လိုအပ်ပါကြောင်း၊ မကြာမီအချိန်အတွင်း CNG အသုံးပြုနေသည့် မော်တော်ယာဉ်များ တွင် Metering စနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ်ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ကို ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ CNG သုံးယာဉ်များအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ထိရောက်အကျိုးရှိစွာ ဝန်ဆောင်မှုပေးစေရေးတင်းကျပ်စွာ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
တိုင်ကြားနိုင်
CNG သုံးယာဉ်များနှင့် စပ်လျဉ်း၍ အများပြည်သူအနေဖြင့် ကျေနပ်မှုမရှိပါက အောက်ပါဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
Announcement
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on March 16, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Ministry of Information / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
