အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အဖွဲ့ဝင်များတွေ့ဆုံ၍ လုပ်ငန်းစဉ်များ ဆွေးနွေး


Ministry of Information/ Naypyitaw / April 24, 2026
image_latest


နေပြည်တော် ဧပြီ ၂၃

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်သော လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်နှင့် ရရှိပြီးဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန်ရည်ရွယ်၍ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အဖွဲ့ဝင် များတွေ့ဆုံ၍ လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ၅ ဦး အပါအဝင် ကော်မတီဝင် စုစုပေါင်း ၁၈ ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် ညှိနှိုင်းရေးကော်မတီကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယခင် NCA အရ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရန် UPDJC ၊ JMC တို့ဖြင့် ဖွဲ့စည်းထားရှိပြီး ToR၊ SOP တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ JMC တွင် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန်ပါရှိသဖြင့် JMC အရပ်သားကိုယ်စားလှယ်များနှင့် JMC-TSC တို့ဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများအား လိုအပ်သူများထံသို့ ရရှိအောင်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ ရှိပြီဖြစ်သဖြင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များအား ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ယနေ့အစည်းအဝေးသည် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ NSPNC အနေဖြင့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယုံကြည်မှုတည်ဆောက်ခြင်း အချက်တစ်ခု ဖြစ်သည့် လူသားချင်း စာနာမှု အကူအညီများ ထောက်ပံ့ပေးခြင်းကို အမှန်တကယ် လိုအပ်သည့် ပြည်သူများထံ JMC နှင့် ပေါင်းစပ်၍ ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများမှ သဘောတူညီထားပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် အစိတ်အပိုင်း ၁ ၊ ၂ ၊ ၃ ပါ သဘောတူညီ ချက် ၇၂ ချက်အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ဆောင်ရွက်ပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ NSPNC အဖွဲ့ဝင်သစ်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများအား အကြံပြု ဆွေးနွေး ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီဝင်များက ဆွေးနွေးရာတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူ ဖြစ်ကြောင်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း၊ NCA သည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး ဖြစ်သည်ကို အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပြသရန်လိုကြောင်း၊ ယခင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြသည့် လူပုဂ္ဂိုလ်များပါဝင်သည့် စေ့စပ်ညှိနှိုင်းမည့်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏အကူအညီလည်း ရယူဆောင်ရွက် သွားသင့်ကြောင်း၊ ဆွေးနွေးရာတွင် အမှားကိုထောက်ပြခြင်းထက် အမှန်လမ်းကြောင်းကို ချပြဆွေးနွေးသင့်ကြောင်း၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ ရွေးချယ်ဆောင်ရွက်ခြင်းမျိုး ပြုလုပ်သင့်ကြောင်း၊ ဆွေးနွေးမှုများတွင် ပြည်သူလူထုအသံပိုမိုပါဝင်အောင် ဆောင်ရွက်သင့်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုများ ဆက်လက်ဆောင်ရွက်ပေး ရန်လိုကြောင်း၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေး၊ သတင်းအချက်အလက် ဖြန့်ဝေခြင်းများဆောင်ရွက်ရန် လိုကြောင်း၊ ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၏အားကိုလည်း ရယူရန်လိုကြောင်း၊ ပဋိပက္ခဒေသရှိ ဒေသခံများ၏ အားကိုလည်း အသုံးချဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မီဒီယာကဏ္ဍအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဒေသအတွင်းရှိပြည်သူ လူထုများထံရောက်ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Video