အမှောင်ကို ပယ်ရှင်း အလင်းသို့ ဝင်
အမှောင်ကို ပယ်ရှင်း အလင်းသို့ ဝင်
Ministry of Information/ Naypyitaw / March 20, 2026
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးသည့် နောက်ပိုင်းတွင် PDF အမည်ခံအဖွဲ့အစည်းနှင့် ဒေသအလိုက် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားကြသူများ အများအပြားရှိကြသည်။ ထိုစဉ်က ပြည်သူအများအပြား အသုံးပြုကြသည့် လူမှုကွန်ရက် စာမျက်နှာများကို ကြည့်လျှင် သွေးထိုးလှုံ့ဆော်မှုများ၊ သတင်းတု သတင်းမှားများ ပလူပျံနေသည်။
တိုင်းပြည်ကို အပြီးတိုင်ပျက်စီးသည်အထိ ကြံရွယ်ထားကြသည့် ပြည်တွင်းပြည်ပ အဖျက်အုပ်စုများက ပြည်သူဆိုသည့်စကားလုံး၊ ဓမ္မနှင့် အဓမ္မဆိုသည့် စကားလုံး၊ လိပ်ပြာလုံရဲ့လား ဆိုသည့်စကားလုံးတို့ကို အလွဲသုံးစားပြု၍ ပြည်သူကိုလှည့်စားစည်းရုံးသည်။ သူလျှို၊ ဒလန်ဟူ၍ စွပ်စွဲကာ အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ပြသည့် နည်းလမ်းအားဖြင့်လည်း ခြိမ်းခြောက်၍ ဒေသကို ထိန်းချုပ်သည်။ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကျောင်းဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများကိုလည်း နည်းအမျိုးမျိုးဖြင့် ဖိအားပေးကာ နုတ်ထွက်ခိုင်းခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လယ်ယာမြေများ သိမ်းယူခြင်း၊ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ သိမ်းယူခြင်း စသည်ဖြင့်လည်း ဒေသခံပြည်သူများအပေါ် ဖိနှိပ်မှုများ ပြုလုပ်သည်။ ငါနှင့်မတူ ငါ့ရန်သူဟူ၍ ရန်ရှာသတ်မှတ်သည့် အခြေအနေတွင် ဒေသခံပြည်သူတို့၏ သားပျိုသမီးပျိုတို့မှာ လက်နက်ကိုင် အဖွဲ့အစည်းများထဲသို့ ရောက်ရှိသွားကြသည်။
ငါးနှစ်မျှ ကြာမြင့်လာခဲ့ပြီးသည့်နောက်တွင် ဒေသအသီးသီးရှိ PDF အမည်ခံ လက်နက်ကိုင်အဖွဲ့များ၊ ပ သုံးလုံး အမည်ခံအဖွဲ့များအတွင်း အပုပ်နံ့များ ဖုံးမရ ဖိမရ ထွက်လာသည်။ ခေါင်းဆောင်ပိုင်းတို့ ကိုယ်ကျိုးရှာမှုများ၊ အထက်အောက် ခွဲခြားဆက်ဆံမှုများ၊ အာဏာပြမှုများ၊ အဖွဲ့ဝင်မိန်းကလေးများ၏ ဘဝမလုံခြုံမှုများ၊ အဓမ္မပြုကျင့်မှုများ၊ ဒေသခံများအပေါ် နည်းအမျိုးမျိုးဖြင့် ဖိစီးနှိပ်စက်မှုများ စသည်တို့ကို ဥပဒေမဲ့ပြုမူကျူးလွန်လာကြသည်။ လက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားတွင်လည်း ညီညွတ်မှုမရှိဘဲ အကွဲကွဲအပြားပြားနှင့် အားပြိုင်မှုများ၊ နယ်မြေလုမှုများ၊ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည်။
ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း PDF အမည်ခံ လက်နက်ကိုင်အဖွဲ့များမှာ တိုင်းရင်းသားအမည်ခံထားသည့် လက်နက်ကိုင်အဖွဲ့များ၏ အသုံးချခံများအဖြစ် မြို့ရွာများကို တိုက်ကွက်ဖော်ရာတွင် ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့ကြရသည်။ မြို့ရွာအများအပြား ပျက်စီးသွားကြပြီး လူသူကင်းမဲ့သည့် မြို့ပျက်ရွာပျက်များ ဖြစ်သွားကြသည်။ လမ်းတံတားများ၊ ဓာတ်အားလိုင်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များအပါအဝင် အခြေခံအဆောက်အအုံများစွာ ပျက်စီးသွားသည်။ တိုက်ပွဲတွင် ရှေ့မှတိုက်ခဲ့ကြရသည့် PDF တို့မှာ တိုက်ပွဲများ ပြီးချိန်တွင် တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်အဖွဲ့တို့၏ နှိမ့်ချမှု၊ နိုင်ထက်စီးနင်းဆက်ဆံမှုတို့ ခံစားခဲ့ရကြောင်း လူမှုကွန်ရက်များတွင် ရင်ဖွင့်ပြောကြားမှုများကိုလည်း တွေ့ရှိကြရသည်။ အဆိုး ဆုံးမှာ အချိန်ကြာလာသည်နှင့်အမျှ တစ်ချိန်က ထောက်ခံခဲ့ကြသည့် ဒေသခံပြည်သူတို့၏ ထောက်ခံမှုပင်လျှင် တစ်စတစ်စ လျော့နည်းကျဆင်းလာခြင်းဖြစ်သည်။
မိမိတို့နိုင်ငံ၏ အလင်းပိုင်းကိုကြည့်လျှင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့၏ စည်းလုံးညီညွတ်မှုဖြင့် သဘာဝဘေး အန္တရာယ်များ၊ အကြမ်းဖက်သောင်းကျန်းမှု ဘေးအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ တက်ကြွစွာ မဲပေးရွေးကောက် တင်မြှောက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှာ လွှတ်တော်များ တွင် ပါဝင်တက်ရောက်နေကြပြီဖြစ်သည်။ မှတ်သားဖွယ်ရာအချက် မှာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လူငယ်မဲဆန္ဒရှင်များက တက်တက်ကြွကြွ ပါဝင်မဲပေးခဲ့ကြခြင်း ကြောင့် လူငယ်မဲဆန္ဒရှင် ရာခိုင်နှုန်းမြင့်မားခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် လူငယ်များ၏ နိုင်ငံရေးအသိ နိုးကြားတက်ကြွမှုကို ဖော်ပြခဲ့ခြင်း လည်းဖြစ်သည်။
နိုင်ငံတော်၏ သမိုင်းစာမျက်နှာသစ် စတင်ဖွင့်လှစ်ချိန်တွင် နိုင်ငံကိုဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးတို့၌ ရောက်ရှိနေကြသည့်လူငယ်များ အလင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်။ တစ်ယောက်စ၊ နှစ်ယောက်စမှသည် ရာနှင့်ချီ၍ လမ်းမှန်သို့ ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။ နောက်ထပ်လည်း ရာနှင့်ထောင်နှင့်ချီကာ ထပ်မံရောက်ရှိလာကြဦးမည်ဟု ယုံကြည်သည်။ လူငယ့်အားမာန်ဟူသည် အပြုသဘောအတွက်သာ ဖြစ်သင့်သည်။ အဖျက်သဘောအတွက် မဖြစ်သင့်။ တည်ဆောက်ရန်အတွက်သာ ဖြစ်သင့်သည်။ ဖျက်ဆီးရန် မဖြစ်သင့်။ မိမိတို့၏ နုပျိုတက်ကြွသည့် အားမာန်ကို မိမိ၏ အနာဂတ်ဘဝနှင့် နိုင်ငံတည်ဆောက်ရေးတို့အတွက် တန်ဖိုးရှိစွာ အသုံးချကြရပါမည့်အကြောင်း။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
