အိမ်မဲမြို့နယ် ဖိုးကယ်ချောင်းကျေးရွာ၌ ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
အိမ်မဲမြို့နယ် ဖိုးကယ်ချောင်းကျေးရွာ၌ ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / May 07, 2026
အိမ်မဲမြို့နယ် ဖိုးကယ်ချောင်းကျေးရွာ၌ ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
************************************************************************
အိမ်မဲ မေ ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိမ်မဲမြို့နယ်၊ ကမ်းပျိုကျေးရွာအုပ်စု၊ ဖိုးကယ်ချောင်းကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို၊ အိမ်မဲမြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများသည် ကျေးရွာသောက်သုံးရေ ရရှိရေး ကော်မတီဝင်များနှင့်အတူ ဖိုးကယ်ချောင်းကျေးရွာ၌ ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး က လုပ်ငန်းတာဝန်ခံအား လုပ်ငန်းများအားလုံး စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၂၇ ဒသမ ၂ သန်းဖြင့် ဌာနမှ တာဝန်ယူ၍ ယခုနှစ် ဧပြီလ ၁၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရာနှုန်းပြည့် ပြီးစီးပါက ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသည့် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိမည် ဖြစ်သည့်အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အများ ပြည်သူ သို့ အသိပေးကြေညာချက်
Ministry of Information / Posted on May 07, 2026
အများ ပြည်သူသို့ အသိပေး ကြေညာချက်
အများပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on May 07, 2026
အများပြည်သူ သို့ အသိပေး ကြေညာချက်
အများပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on May 07, 2026
အများပြည်သူ သို့ အသိပေးကြေညာချက်
