အုတ်တွင်းမြို့နယ် အရှေ့ကွင်းကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေးကွင်းဆင်းတိုင်းတာ

Ministry of Cooperatives and Rural Development/ Naypyitaw / May 31, 2026
image_latest

အုတ်တွင်းမြို့နယ် အရှေ့ကွင်းကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေးကွင်းဆင်းတိုင်းတာ
=====================================
အုတ်တွင်း၊ မေ-၃၀
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ လက်စွပ်ကျကျေးရွာအုပ်စု၊ အရှေ့ကွင်းကျေး ရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများကို ယနေ့နံ နက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက် ကြောင်းသိရသည်။
    ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် အုတ်တွင်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်နှင့် ဝန်ထမ်းများမှ ကျေးရွာတာဝန်ရှိသူများနှင့်အတူ အရှေ့ကွင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ် မည့်မြေနေရာအခြေအနေများ၊ မြေရရှိနိုင်မည့်အ ခြေအနေများကို တိုင်းတာကြပြီးနောက် မြို့နယ်ဦး စီးမှူးက ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိ သူများကို ကျေးရွာမှဆောင်ရွက်ပေးရမည့်လုပ် ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရ သည်။
     အုတ်တွင်းမြို့နယ် အရှေ့ကွင်းကျေးရွာ၌ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အရှည်  ၂၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရန် ခွင့် ပြုချက်ရေးတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ခွင့်ရရှိပါက အရှေ့ ကွင်းကျေးရွာရှိ ကျေးရွာသူကျေးရွာသားများသွား လာရေးလွယ်ကူစေပြီး လယ်ယာစိုက်ပျိုးမြေဧက ၈၀၀ ကို အကျိုးပြုမည်ဖြစ်ကြောင်း အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်ထံမှ သိရသည်။
ချိုလေး

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။

Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။

Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Information / Posted on June 01, 2026

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

Union Civil Service Board / Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

Video