အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှု ဒုစရိုက်လုပ်ငန်းများ ထိရောက်စွာနှိမ်နင်း


Ministry of Information/ Naypyitaw / June 19, 2025
image_latest


ကမ္ဘာပေါ်တွင် နည်းပညာလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသားများအနေဖြင့် နည်းပညာအပေါ်တွင် တစ်နေ့တခြား မှီခိုအားထားလာမှု ပိုမိုများပြားလာပါသည်။ လူမှုကွန်ရက်အသုံးပြုမှု ပိုမိုများပြားလာခြင်းကြောင့်လည်း ကောင်းကျိုးနှင့်ဆိုးကျိုးများ အတူယှဉ်တွဲဖြစ်ပေါ်လာပါသည်။ ကမ္ဘာ့လူသားများ နေ့စဉ်အလေးထားအသုံးပြုနေသော လူမှုကွန်ရက်အသုံးပြုမှုကို အကြောင်းပြုကာ မသမာသူများက နည်းပညာအသုံးချ၍ ဒုစရိုက်လုပ်ငန်းအမျိုးမျိုး ကမ္ဘာတစ်ခွင် ပြုလုပ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်လေ့ရှိသည့်အစီရင်ခံစာအရ Application များ၊ Website အတုများအသုံးပြု၍ သတင်းအချက်အလက်များရယူပြီး လိမ်လည်ခြင်း၊ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်ခြင်း၊ အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း၊ အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဟုအကြောင်းပြ၍ လိမ်လည်ခြင်းနှင့် လောင်းကစားမှုအမျိုးမျိုးတို့သည် အဖြစ်အများဆုံးလိမ်လည်မှုများဖြစ်သည်။

ယခုအခါ နည်းပညာတိုးတက်မှုများ ခေတ်စားလာခြင်းနှင့်အတူ အွန်လိုင်းလိမ်လည်မှုများ ကျယ်ပြန့်ကြီးထွားလာပြီး တစ်ဦးချင်း၊ တစ်စုတစ်ဖွဲ့ချင်းလိမ်လည်ကြရာမှ ဒုစရိုက်မှုအသွင်ဆောင်သော လူမိုက်ဂိုဏ်းများအသွင်ဖြင့် လုပ်ကိုင်လာကြ သည်ကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ ကြုံတွေ့လာသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု လုပ်ကိုင်နေသူများ၊ ပါဝင်ပတ်သက်နေသူများအားလုံးကို စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်ချိတ်ဆက်ကာ တက်ကြွစွာဖော်ထုတ်အရေးယူလျက်ရှိသည်။အဆိုပါ ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိရာတွင် အထူးသဖြင့် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ တာချီလိတ်၊ မြဝတီနယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၄၁ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ၈၉၀၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်ထားသည်။

အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို ဒုစရိုက်ဂိုဏ်းအသွင်လုပ်ဆောင်လာကြရာတွင် ပြည်တွင်းနိုင်ငံသားများသာမက ပြည်ပနိုင်ငံသားများကိုပါ ပါဝင်ပတ်သက်လာအောင် အွန်လိုင်းပေါ်မှပင် လိမ်လည်လှည့်ဖြား ခေါ်ယူအသုံးချလျက်ရှိသဖြင့် နယ်စပ်ဒေသသို့ တစ်ဖက်နိုင်ငံမှတစ်ဆင့် ပြည်ပနိုင်ငံသားများ အလုပ်အကိုင်ဝင်ငွေရရှိရေးအတွက် အဆက်မပြတ်ရောက်ရှိလာပြီး လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ပါဝင်ပတ်သက်သူများကို အတင်းအဓမ္မအမြတ်ထုတ်စေခိုင်းပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း အွန်လိုင်းအသုံးပြုသူ ပြည်သူများထံမှ ငွေကြေးများကို လိမ်လည်လှည့်ဖြားအသုံးချရယူလျက်ရှိရာ အကျိုးအမြတ်ကြီးမားသဖြင့် တစ်နေ့တခြား ဒုစရိုက်မှုလုပ်ငန်းများ ကြီးထွားလာသည်။

အဆိုပါဒုစရိုက်မှုလုပ်ငန်းများသည် လိမ်လည်မှုများအပြင် နိုင်ငံများ၏လုံခြုံရေးကိုပါ ခြိမ်းခြောက်မှုများရှိလာသဖြင့် နိုင်ငံအချင်းချင်းပူးပေါင်းလက်တွဲပြီး စဉ်ဆက်မပြတ် အလေးထားတိုက်ဖျက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်၍ မှုခင်းရဲတပ်ဖွဲ့ထံမှ ထင်မြင်ချက်တောင်းခံမှုအရ ၂၀၁၉ ခုနှစ်တွင် ၁၁၆ မှု၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၄၂ မှု၊ ၂၀၂၁ ခုနှစ်တွင် ၇၈ မှု၊ ၂၀၂၂ ခုနှစ်တွင် ၁၂၉ မှု၊ ၂၀၂၃ ခုနှစ်တွင် ၁၇၆ မှုဖြစ်ပွားခဲ့ပြီး နှစ်စဉ်တိုင်ကြားမှု ၁၀၀ ကျော်စီရှိသော်လည်း ပြည်သူလူထုအတွင်း အမှန်တကယ်ဖြစ်ပွားမှုမှာ ယခုထက် အဆများစွာများပြားမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် အလိမ်ခံရသည့်ငွေကြေး နည်းပါးခြင်း၊ ရဲစခန်းနှင့်တရားရုံးတွင် အချိန်မပေးနိုင်ခြင်း၊ အလိမ်ခံရမှုအပေါ် ရှက်ရွံ့သဖြင့် တိုင်ကြားမှုမရှိခြင်းစသည်တို့ကြောင့် လိမ်လည်ခံရမှုအရေအတွက်ကို တိကျစွာမရရှိနိုင်ပေ။ မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်ခံရမှုကြောင့် ပြည်သူတို့၏ငွေကျပ် ငါးဘီလီယံခန့် နှစ်စဉ်ဆုံးရှုံးနေကြောင်း ခန့်မှန်းထားသည်။

သို့ဖြစ်ရာ အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှုများကြောင့် နိုင်ငံနှင့်ပြည်သူများအတွက် ထိခိုက်နစ်နာမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိရာ အဆိုပါဒုစရိုက်မှုလုပ်ငန်းများ တိုက်ဖျက်ရေးတွင် နိုင်ငံတော်အစိုးရနှင့်အတူ အားလုံးလက်တွဲပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။    ။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

Revenue Appellate Tribunal / Posted on July 01, 2025

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အမည်မည်းစာရင်းကြေညာခြင်း

Ministry of Information / Posted on July 01, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023