ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်
Ministry of Information/ Naypyitaw / May 01, 2026
နေပြည်တော် ဧပြီ ၃၀
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများစုပေါင်း၍ ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တို့တွင် ကျင်းပသည်။
ဦးစွာ ဗျာဒိတ်တော်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရားပွင့်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းစသည့် သရုပ်ပြယာဉ်များဖြင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများသည် တပေါင်းကွင်းစုရပ်မှ စတင်ထွက်ခွာကြပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ထိုမှတစ်ဆင့် သရုပ်ပြယာဉ်များကို ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း အပူဇော်ခံထားရှိကာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သတ်မှတ်လမ်းကြောင်းအတိုင်း လက်ယာရစ်လှည့်လည်ပူဇော်ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Ministry of Information / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
Myanmar National Human Rights Commission / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Myanmar National Human Rights Commission / Posted on April 30, 2026
