ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / January 19, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ Belle ဟိုတယ်ရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ချောင်းသာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ချောင်းသာမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးဌေးမောင်(၄၇) နှစ် မောင်းနှင်လာသည့် 77W-XXXX YAMAHA FZ ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းဖြတ်ကူးသူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ ဒေါ်နှင်းအိခိုင်(၃၅)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးဌေးမောင်နှင့် ဒေါ်နှင်းအိခိုင်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် ဌေးမောင် အား ချောင်းသာနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
Announcement
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
Ministry of Information / Posted on January 19, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
Ministry of Information / Posted on January 19, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ
Ministry of Information / Posted on January 18, 2026