ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်(၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်(၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / March 20, 2026
ပုသိမ် မတ် ၁၈
(၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်- ရှောပြာ-ချောင်းသာကား လမ်း (တဲကြီးကုန်း)၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲမုခ်ဦးအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်ဓာတ်ပုံရိုက်ကူး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များကို ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေထိန်းတံခါးများ အား ဆက်လက်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ရေထိန်းတံခါးများနှင့် မြေထိန်းနံရံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် “ရိုးသားကြိုးစား ဧရာဝတီသား” ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါရေထိန်းတံခါး(၄)ခုကို ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ဖြည့်စွက်ရန်ပုံငွေဖြင့် တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ခြင်းဖြစ်ကာ နွေရာသီတွင် ရေရရှိပြီး လယ်မြေ ဧက (၂၂၇) ဧကကို စိုက်ပျိုးရေနှင့် အောင်ရေရရှိစေသည့်အပြင် မိုးရာသီတွင် လယ်မြေများ ရေနုတ်အား ကောင်းမွန်ပြီး ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာ စေမည်ဖြစ်သည်။ ထို့အတူ တဲကြီးကုန်းလမ်းဘေး ဝဲ/ယာမြောင်းမကြီးအား ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းတာကြံ့ခိုင်မှု ကောင်းမွန်စေရေးတို့အတွက် ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မ ှကျောက်စီ မြေထိန်းနံရံတည်ဆောက်ခြင်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေဖြင့် အရှည်ပေ (၁၆၂၅၀) အား ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် ငါးအောက်ချောင်းတံတားမှ အနောက်တောင်တိုင်းစစ်ဌာနချုပ် လမ်းဆုံအထိ (၇၈၉) ပေအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ပုသိမ်- ရှောပြာ-ချောင်းသာလမ်း ပုသိမ်မြို့တွင်းအပိုင်း ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့က ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ကွန်ကရစ်လမ်းအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းအား တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ လမ်းအရှည်( ၄ )ဖာလုံ၊ လမ်းသားအကျယ်(၂၄)ပေ၊ တဖက်လျှင် (၅)ပေ အကျယ် လူသွားလမ်း ပလက်ဖေါင်း နှင့်(၂) ပေ အကျယ် ရေမြောင်းပါရှိကြောင်းသိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
