ဧရာဝတီတံတား (ရတနာပုံ) Load Test စစ်ဆေး၍ လက်ရှိခွင့်ပြုနေသည့် ၂၅ တန်မှ ၄၅ တန်အထိ တိုးမြှင့်ခွင့်ပြု


Ministry of Information/ Naypyitaw / April 26, 2026
image_latest


နေပြည်တော် ဧပြီ ၂၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ယနေ့တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဧရာဝတီတံတား (ရတနာပုံ) ကို အားဖြည့်ပြုပြင်ခြင်းပြီးစီး၍ Load Test စစ်ဆေးပြီး ၂၅ တန်မှ ၄၅ တန်သို့ တိုးမြှင့်၍ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုပေးနေမှု၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် အသစ်ပြန်လည်တည်ဆောက်နေသည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်တွင် တာဝန်ခံအင်ဂျင်နီယာက ဧရာဝတီတံတား (ရတနာပုံ) မန္တလေးငလျင်ကြီးကြောင့် ရေလယ်တိုင်ရှိ Gusset Plate များ၊ သံပေါင်ရှိ Inclined Member များ၊ Bearing များ ပျက်စီးခဲ့ရသည့်အခြေအနေ၊ ပျက်စီးမှုများကိုစစ်ဆေး၍ ကနဦး (ကုန်+ယာဉ်) ၁၅ တန်ဖြင့် စတင်ဖြတ်သန်းခွင့်ပြုခဲ့သည့်အခြေအနေ၊ ပထမအဆင့် ပြင်ဆင်မှုအနေဖြင့် သံပေါင်ချုပ်တန်းများ၊ GussetPlate များ လဲလှယ်ပြီး၍ Load Test စစ်ဆေးပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် (ကုန်+ယာဉ်) ၂၅ တန်အထိ တိုးမြှင့်ဖြတ်သန်းခွင့်ပြုပေးခဲ့သည့်အခြေအနေ၊ ယခုအခါ ဒုတိယအဆင့်အား ဖြည့်ပြင်ဆင်ခြင်း ဆောင်ရွက်ပြီးစီး၍ Load Test စစ်ဆေးပြီး (ကုန်+ယာဉ်) ၄၅ တန်အထိ တိုးမြှင့်ဖြတ်သန်းခွင့်ပြုနိုင်မည့်အခြေအနေနှင့် ပြုပြင်ဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက တံတားကြီး၏ မူလခွင့်ပြုထားသော တန် ၆၀ အထိ ပြန်လည်ခွင့်ပြုပေးနိုင်ရေးအတွက် ငလျင်ကြီးဒဏ်ကြောင့် ပျက်စီးသွားသော Bearings လဲလှယ်ခြင်းများ ဆက်လက်ဆောင်ရွက်မည့် အစီအမံတို့ကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဧရာဝတီတံတား (ရတနာပုံ) သည် ဧရာဝတီမြစ်ကို ဖြတ်ကျော်၍ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ပေးထားသည့် အရေးပါသော တံတားတစ်စင်းဖြစ်၍ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် နေ့စဉ်ဖြတ်သန်းအသုံးပြုခြင်းကို မရပ်ဆိုင်းဘဲ ပြုပြင်ဆောင်ရွက်ရခြင်းဖြစ်၍ ဘေးကင်းလုံခြုံရေးကို အလေးထားရန်လိုပါကြောင်း၊ ယခုတွင် ၄၅ တန်အထိ ခွင့်ပြုထားပြီးဖြစ်၍ ကုန်တင်ယာဉ်ကြီးများနှင့် ဆီသယ်ယာဉ်များသည် ဇက်ရေယာဉ်များဖြင့် ကူးသန်းရန်မလိုအပ်တော့ဘဲ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး အချိန်နှင့် ဖြတ်သန်းခများသက်သာကာ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လွယ်ကူလာမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက ကုန်တင်ယာဉ်များကို သတ်မှတ်ချက်များနှင့်အညီ ဖြတ်သန်းခွင့်ပြုစေရေး တာဝန်ရှိသူများသို့ ကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မှာကြားကာ ဧရာဝတီတံတား (ရတနာပုံ) တွင် ၄၅ တန်အထိ ကုန်တင်ယာဉ်များနှင့် ဆီသယ်ယာဉ်များ စတင်ဖြတ်သန်းသွားလာမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မန္တလေးမြို့ရှိ ငလျင်ကြောင့်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာ ၂၆ လုံး၊ အခန်းပေါင်း ၃၈၆ ခန်း တည်ဆောက်ခြင်းလုပ်ငန်းခွင်ကိုလည်းကောင်း၊ စစ်ကိုင်းမြို့ရှိ ဝန်ထမ်းအိမ်ရာအဆောက်အအုံ ခုနစ်လုံး၊ အခန်းပေါင်း ၁၁၂ ခန်းအား တည်ဆောက်ရန် လက်ရှိဆောင်ရွက်နေသည့်အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများကို ဆောလျင်စွာ နေရာချထားနိုင်ရေးအတွက် သတ်မှတ်ကာလအတွင်းပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ရမည့်အခြေအနေတို့ကို မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများသို့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ငလျင်ကြောင့်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများကို ပြုပြင်၍ ပြန်လည်နေရာချထားပေးနိုင်မှုအနေဖြင့် မန္တလေးမြို့တွင် ပြင်ဆင်ရမည့်အဆောက်အအုံ ၂၆၄ လုံးအနက် ၇၄ လုံးကို ပြုပြင်ပြီးစီး၍ ဝန်ထမ်းအင်အား ၁၁၃၄ ဦးကိုလည်းကောင်း၊ စစ်ကိုင်းမြို့တွင် ပြင်ဆင်ရမည့်အဆောက်အအုံ ၃၂ လုံးအနက် ၂၅ လုံးကို ပြုပြင်ပြီးစီး၍ ဝန်ထမ်းအင်အား ၂၄၉ ဦးကိုလည်းကောင်း၊ စုစုပေါင်းဝန်ထမ်းအင်အား ၁၃၈၃ ဦးကို ပြန်လည်နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Video