၂၀၂၅ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2025) လျှောက်ထားနိုင်ကြောင်းကြေညာချက်


Ministry of Information/ Naypyitaw / March 17, 2025
image_latest


၁။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင်အာဆီယံ အသိုက်အဝန်း ထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025) ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်-

(က) အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊

(ခ) အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင်ရွက်မှုများ၊

(ဂ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှုများ၊

(ဃ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပေါင်းစည်းရေးနှင့် စံနှုန်းများမြှင့်တင်ရေး ဆောင်ရွက်မှုများ၊

(င) အာဆီယံအသိုက်အဝန်း တည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ

၂။ အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် အကဲဖြတ်အဖွဲ့ကို လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများ အပါအဝင် ထင်ရှားသောအဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်သွားမည်ဖြစ်ပါသည်။

၃။ အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကိုအခြေခံပြီး ပြည်သူကိုဦးတည်၍ ပြည်သူကိုဗဟိုပြုသည့် အာဆီယံအသိုက်အဝန်းထူထောင်ခြင်းနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့် အာဆီယံနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာတွင် အကျဉ်းချုပ်ရေးသားဖော်ပြရမည် ဖြစ်ပါသည်။

၄။      အကျဉ်းချုပ်တွင် ပါရှိရမည့်အချက်အလက်များကို လျှောက်လွှာပုံစံတွင် ဖော်ပြပါရှိကြောင်းနှင့် လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာ https://asean.org/nomination-form/တွင် download ရယူဖြည့်စွက်ပြီး အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်(သို့မဟုတ်) amns.mofa@gmail.com သို့ ၁၁-၄-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လိပ်မူလျှောက်ထားနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ အသေးစိတ်အချက်အလက်များကိုလည်း ဖော်ပြပါအာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

Ministry of Information / Posted on June 08, 2026

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

Ministry of Ethnic Affairs / Posted on June 08, 2026

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Ministry of Information / Posted on June 04, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

Video