၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး လုပ်ငန်းစဉ်များ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ

Ministry of Information/ Naypyitaw / March 18, 2026
နေပြည်တော် မတ် ၁၇
၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းစဉ်များ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကာကွယ်ဆေးလွှမ်းခြုံမှုအခြေအနေနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအားသာချက်၊ အားနည်းချက်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်လျက်ရှိသော လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ EPI တာဝန်ခံများ၊ အအေးလမ်းကြောင်းတာဝန်ခံများ၊ WHO၊ UNICEF နှင့် CHAI အဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဗဟိုအဆင့်နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို မတ် ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
Announcement
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on March 16, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Ministry of Information / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း