၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ
၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / November 26, 2025
နေပြည်တော် နိုဝင်ဘာ ၂၅
၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအခမ်းအနားကို နေပြည်တော် ရုံးအမှတ် ၂၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီတို့မှ ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် အကြမ်းဖက်ခံရသော အမျိုးသမီးတစ်ဦးချင်းအပေါ်သာမက မိသားစုများ၊ လူမှုအသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းအတွက် ထိခိုက်မှု၊ နစ်နာဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးက အမျိုးသမီးသုံးဦးတွင် တစ်ဦးသည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် အနည်းဆုံးတစ်ကြိမ် အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသည်ဟု ဖော်ပြခဲ့ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ၊ ပဋိပက္ခများနှင့် ရာသီဥတုပြောင်းလဲမှုများသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ထိခိုက်နစ်နာမှုကို ဖြစ်စေသလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိုလည်း ပိုမိုမြင့်တက်စေပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂကချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်မှာ “ UNiTE to End Digital Violence against All Women and Girls” “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်အကြမ်းဖက်မှုများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်သည့်အတွက် ဥပဒေများ ပြဋ္ဌာန်းပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ယနေ့အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် စပ်လျဉ်းပြီး ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းစဉ်များကို သက်ဆိုင်ရာအစိုးရဌာန/အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့်သူများက Help Line ဖုန်းနံပါတ် 1566 ကို တိုင်ကြားလာပါက ဥပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်ပေါ်မူတည်၍ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုကာ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ (Case Manager) ၅၉၆ ဦးနှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသူများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Center-OSWSC) နှင့် ကျားမအခြေပြု အကြမ်းဖက်ခံရသူများကို တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်မှုပေးနိုင်သည့် စင်တာ (One Stop Crisis Center - OSCC) တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနများတွင် ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း ပြောကြား သည်။
ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ Video Clip ကိုပြသပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၏ အမျိုးသမီးငယ်များက Fitness Dance ဖြင့် တင်ဆက်ကပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on November 26, 2025
သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ
Ministry of Cooperatives and Rural Development / Posted on November 19, 2025
နေပြည်တော် နိုဝင်ဘာ ၁၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on November 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
