၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံရှိ အထင်ကရနေရာများ လှည့်လည်ကြည့်ရှုလေ့လာ
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံရှိ အထင်ကရနေရာများ လှည့်လည်ကြည့်ရှုလေ့လာ
Ministry of Education/ Naypyitaw / October 18, 2025
နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၇
နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ် စေလွှတ်ခဲ့သော ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများသည် ယမန်နေ့ နံနက်ပိုင်းက စင်ကာပူနိုင်ငံမှ လေကြောင်း ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက ခရီးစဉ်နှင့် ပတ်သက်သည် များကို ရှင်းလင်းပြောကြားပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ညပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် Chao Phraya River Cruise ဖြင့် မြစ်ကြောင်းတစ်လျှောက်ကြည့်ရှု လေ့လာခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ထူးချွန် ကျောင်းသား ကျောင်းသူများသည် ဗန်ကောက်မြို့ Assumption University ၌ တက္ကသိုလ်နှင့် ပတ်သက်သည့် အချက်အလက်များနှင့် ပို့ချလျက်ရှိသည့်သင်တန်း များကို လည်းကောင်း၊ ပတ္တရားမြို့ရှိ Nong Nooch Garden ပန်းခြံအတွင်းရှိ ပြကွက်များနှင့် Museum များကိုလည်းကောင်း၊ ပတ္တရားကမ်းခြေ၏ သဘာ၀အလှများကိုလည်းကောင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
Announcement
မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း
Naypyitaw Development Committee / Posted on October 29, 2025
မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on October 29, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း