၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ပြည်ပလေ့လာရေးခရီးမှ ပြန်လည်ရောက်ရှိ
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ပြည်ပလေ့လာရေးခရီးမှ ပြန်လည်ရောက်ရှိ
Ministry of Education/ Naypyitaw / October 19, 2025
နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၉
နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်စေလွှတ်ခဲ့သည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများသည် ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ Samut Prakan ခရိုင်ရှိ Ancient City တွင် ထိုင်းနိုင်ငံ၏ သမိုင်းနှင့်ယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာကြည့်ရှုပြီး MBK Shopping Center တွင် ဈေး၀ယ်လေ့လာကာ နေ့လယ်စာသုံးဆောင်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် Madame Tussauds Museum တွင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ဖယောင်းရုပ်ပုံတူများကို ကြည့်ရှုလေ့လာကာ အမှတ်တရဓာတ်ပုံရိုက်ကြပြီး Siam Ocean World ၌ ပင်လယ်ရေအောက်သတ္တဝါများကို လက်တွေ့လေ့လာ ကြည့်ရှုကြသည်။ ညနေပိုင်းတွင် Chatuchak Weekend Market သို့ ရောက်ရှိကာ ဈေးဝယ်လေ့လာကြသည်။
ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Arun ဘုရားနှင့် မြဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညိုကြပြီး Queen Strikit Museum of Textile သို့ရောက်ရှိကာ ထိုင်းဘုရင်များ၏ ခေတ် အဆက်ဆက် ဖွံ့ဖြိုးတိုးတက်လာသည့် အထည်လိပ်အနုပညာတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၍ Bangkok National Museum တွင် ထိုင်းနိုင်ငံ၏ ရှေးဟောင်းအနုပညာ လက်ရာများနှင့် သမိုင်း၀င်အထောက်အထားများကို လေ့လာခဲ့ကြပြီး ညပိုင်းတွင် လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
၂၀၂၅ ခုနှစ် တက္တသိုလ်ဝင် စာမေးပွဲတွင် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ထူးချွန်ကျောင်းသားကျောင်းသူများအား ချီးမြှင့်ဂုဏ်ပြုသည့်အနေ ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံအတွေ့အကြုံကောင်းများရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးအတွက် စီစဉ်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
Announcement
မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း
Naypyitaw Development Committee / Posted on October 29, 2025
မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on October 29, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း
Ministry of Information / Posted on October 29, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း
