၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / June 26, 2025
image_latest


နေပြည်တော် ဇွန် ၂၅

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးသမီးထုကျန်းမာကြံ့ခိုင်စေရေးနှင့် အမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးအားကစားခန်းမ၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည် ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဂျူဒိုနှင့်ဂျူဂျစ် ဆုပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂျူဒို(အမျိုးသား/ အမျိုးသမီး) ခေတ္တပြိုင်ပွဲများနှင့် ဝိတ်တန်းအလိုက် တစ်ဦးချင်းအတိုက်ပြိုင်ပွဲများ၊ ဝိတ်တန်းအလိုက် ဂျူဂျစ်ဆုအတိုက်ကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကစား ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို တစ်ဦးချင်းဆုတံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on June 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့်...

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on June 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023