မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဆွဲမှန်ကျေးရွာ၌ စက်သုံးဆီသိုလှောင်ရုံ မီးလောင်မှု
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဆွဲမှန်ကျေးရွာ၌ စက်သုံးဆီသိုလှောင်ရုံ မီးလောင်မှု
Ministry of Home Affairs/ Naypyitaw / March 27, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂၆ ရက် နံနက် ၈ နာရီ ၃၆ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာ၌ ပိုင်ရှင် ဦးသိန်းဝင်း(၄၆)နှစ်၏ AC/DC DOCANDO အမျိုးအစား တစ်လုံးပန့်ဖြင့် တရားမဝင် ဖွင့်လှစ်ထားသည့် “မဟာ” စက်သုံးဆီအရောင်းဆိုင်နှင့် ကွမ်းပစ္စည်းရောင်းဝယ်ရေးဝန်းအတွင်းရှိ ၁၅ x ၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ တစ်ထပ် စက်သုံးဆီသိုလှောင်ရုံအတွင်း သွယ်တန်းထားသော ဝိုင်ယာကြိုး အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရမည်းသင်းခရိုင်မီးသတ်စခန်း၊ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းနှင့် ပြည်သာယာနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၁၅ x ၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ တစ်ထပ် စက်သုံးဆီသိုလှောင်ရုံ တစ်လုံး၊ ၁၅ x ၂၀ ပေ၊ နံကပ် နှစ်ထပ်နေအိမ်၏ တံခါး လေးချပ်၊ CANTA ၁၀ ပေ နောက်တွဲ ကားဘော်ဒီအဟောင်း တစ်ခု၊ 92 အောက်တိန်းဆီ ၂၀ ဂါလန်နှင့် ဒီဇယ်ဆီ ၁၅ ဂါလန် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် သိန်းဝင်း အား ပျော်ဘွယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on March 25, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on March 26, 2026
၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက်...
