၂၀၂၆ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများအလိုက် ဆက်လက်လေ့ကျင့်သင်ကြား
၂၀၂၆ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများအလိုက် ဆက်လက်လေ့ကျင့်သင်ကြား
Ministry of Information/ Naypyitaw / May 04, 2026
နေပြည်တော် မေ ၄
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် အခြေခံစစ်ရေးပြ၊ တပ်မတော် (ရေ) သမိုင်းဘာသာရပ်နှင့် ရေကြောင်းလမ်းညွှန်ဘာသာရပ်၊ နက္ခတ္တဗေဒသင်ခန်းစာ၊ ညွှန်းထောင့်နှင့် Compass သင်ခန်းစာများကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ (၁) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၅ ဦး၊ နေပြည်တော်စခန်းတန်းခွဲ (၂) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး၊ ကိုကိုးကျွန်းမြို့ရှိရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၂၀ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၅ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၇၅ ဦးတို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး တပ်မတော် (ရေ) ရေကြောင်းလူငယ်သင်တန်းစခန်း ၁၃ ခု၌ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၈၀၀ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ ခုတွင် စုစုပေါင်း သင်တန်းသား ၁၀၄၄ ဦးဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိရာ ပြည်မြို့ရှိ ပြည်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ် သင်တန်းသား ၅၄ ဦးအားလည်းကောင်း၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်သင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း၊ တောင်ကြီးမြို့ရှိတောင်ကြီးသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၆၀ ဦးအားလည်းကောင်း၊ မကွေးမြို့ရှိ မကွေးသင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း၊ ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းသင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း၊ နေပြည်တော်မြို့ရှိ နေပြည်တော်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ် သင်တန်းသား ၆၅ ဦးအားလည်းကောင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းလူငယ်သမိုင်းဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံ သဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေးဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်းဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်းစခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Ministry of Information / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
Myanmar National Human Rights Commission / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Myanmar National Human Rights Commission / Posted on April 30, 2026
