(၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနား ယောဂသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကျင်းပ
(၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနား ယောဂသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကျင်းပ
Ministry of Information/ Naypyitaw / June 16, 2025

နေပြည်တော် ဇွန် ၁၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော် သတ္တသတ္တာဟ မဟာဗောဓိစေတီ တော်ရင်ပြင်၌ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ် အခမ်းအနားယောဂသရုပ်ပြ လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်သည်။
ထိုအစီအစဉ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်၊ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယသံအမတ်ကြီးနှင့်အတူ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ရင်ပြင်၌ (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်အား အမှတ်တရဂုဏ်ပြုစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Announcement
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Revenue Appellate Tribunal / Posted on July 01, 2025
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
အမည်မည်းစာရင်းကြေညာခြင်း
Ministry of Information / Posted on July 01, 2025
၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက...
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
Ministry of Planning and Finance / Posted on June 30, 2025